www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 11, 2016

စစ်တက္ကသိုလ် ၊ စာပေဌာန ၊ ဘွဲ့လွန်သင်တန်းသား အရာရှိများ၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲပြုလုပ်


စစ်တက္ကသိုလ် ၊ စာပေဌာန ၊ ဘွဲ့လွန်သင်တန်းသား အရာရှိများ၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ
 ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်စဉ်

နေပြည်တော် ၊ ၁၁-၁၀-၂၀၁၆

တပ်မတော် အနေဖြင့် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာများ အထောက်အကူ ပြုရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန်  ရည်ရွယ်၍ ဘွဲ့လွန် သင်တန်းသား အရာရှိများ၏ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး စာတမ်းဖတ်ပွဲ " Seminar on Science and Technology Development- 2016" ကို ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် တပ်နယ်၊ စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်) ရှိ နဝဒေးခန်းမ ၌ စတင်ကျင်းပ ပြုလုပ်သည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော် တက္ကသိုလ် များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ် များ၊ အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ပြည်ပ တက္ကသိုလ် များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်း တက်ရောက် နေသော သင်တန်းသား အရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် က အဖွင့် အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာသူများနှင့် အတူ ပိုစတာပြခန်း များတွင် ဘွဲ့လွန် သင်တန်းသား အရာရှိများ တင်သွင်း ခင်းကျင်းပြသ ထားသည့် ပိုစတာများအား လှည့်လည်ကြည့်ရှု ကြသည်။

ယမန်နေ့ စာတမ်းဖတ်ပွဲ တွင် Science and Information Technology ခေါင်းစဉ်ဖြင့် စာတမ်း ၁၁ စောင် ဖတ်ကြားခဲ့ပြီး ၁၁-၁ဝ-၂ဝ၁၆ ရက်တွင် Engineering and Manufacturing Technology ခေါင်းစဉ်ဖြင့် စာတမ်း ၁၁ စောင်အား ဆက်လက်ဖတ်ကြား သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger