www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 11, 2016

စည်သွတ်ဘူး ပြုလုပ်ရောင်းချနိုင်သည့် ကြယ်သီးမှို တိုးချဲ့စိုက်ပျိုးလာ



ရန်ကုန် ၊ ၁၁-၁၀-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ စည်သွတ်ဘူး ပြုလုပ်ရောင်းချ နိုင်သည့် ကြယ်သီးမှိုများ ကို စမ်းသပ် စိုက်ပျိုးခဲ့ရာ အောင်မြင်သဖြင့် ယခုလကုန်တွင် ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြန်မာ့ စိုက်ပျိုး နည်းပညာ လီမိတက်မှ သိရသည်။

အဆိုပါ ကြယ်သီးမှို မျိုးကို တရုတ်နိုင်ငံ မှ မှာယူ၍ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် တောင်ကြီးနှင့် ဟဲဟိုးမြို့တို့၌ စမ်းသပ် စိုက်ပျိုးခဲ့ရာ အောင်မြင်သော ကြောင့် ပိုမိုတိုးချဲ့ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့နှစ်က စမ်းသပ် စိုက်ပျိုးတာ အောင်မြင်တဲ့ အတွက် ဒီလကုန်မှာ တရုတ်နိုင်ငံက ပညာရှင်တွေရဲ့ နည်းပညာနဲ့ မှိုရုံ ၅ ရုံ စိုက်ပျိုးသွား ပါမယ်'' ဟု မြန်မာ့စိုက်ပျိုး နည်းပညာ လီမိတက် အကြီးတန်း အမှုဆောင် အရာရှိ ဒေါက်တာ မောင်မောင်မြင့် ကပြောသည်။

အဆိုပါ ကြယ်သီးမှို သည် ဆောင်းရာသီ တွင် အအေးပိုင်း ဒေသ၌ စိုက်ပျိုးနိုင်ပြီး ချက်ပြုတ် စားသောက် နိုင်သည့်အပြင် စည်သွတ်ဘူးများ ပြုလုပ် ရောင်းချခြင်း၊ စွပ်ပြုတ် ပြုလုပ်ခြင်းနှင့် ဆော့ (အချဉ်) ထုတ်လုပ်ရာ တွင်လည်း အသုံးပြု နိုင်ကြောင်း သိရသည်။

လတ်တလောတွင် မြန်မာနိုင်ငံ၌ ကြယ်သီးမှိုကို စီးပွားဖြစ် စိုက်ပျိုးနိုင်ခြင်း မရှိသောကြောင့် ထိုင်းနိုင်ငံမှ တင်သွင်း ရောင်းချနေပြီး စားသုံးသူများမှာ အနည်းငယ်သာ ရှိကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger