www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 22, 2016

တရုတ်နိုင်ငံ၏ အာကာသစခန်း Tiangong-1 ကမ္ဘာပေါ်သို့ ပျက်ကျလာဖွယ်ရှိ


Chinese astronaut Liu Yang of the Tiangong-1 mission poses for photographs during the opening ceremony of an exhibition on China’s first space station in 2012. Photograph: AFP/Getty Images

ပေကျင်း ၊ ၂၂-၉-၂၀၁၆

တရုတ်နိုင်ငံက ၂၀၁၁ ခုနှစ်က လွှတ်တင်ခဲ့သော ပထမအစမ်း အာကာသစခန်း Tiangong-1 ကို ယခုအခါ မြေပြင်မှ ဆက်လက်ထိန်းချုပ် နိုင်ခြင်း မရှိတော့သည့် အတွက် ၂၀၁၇ နှစ်လယ်ပိုင်းတွင် ကမ္ဘာပေါ်သို့ ပျက်ကျလာ နိုင်ဖွယ် ရှိကြောင်း တရုတ်နိုင်ငံ အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံသည် ရုရှားနှင့် အမေရိကား ပြီးလျှင် အာကာသ စူးစမ်းရေး လောကတွင် အင်အား အကြီးဆုံးအဖြစ် ရပ်တည် နိုင်ရန် ကြေငြာ ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး ဖော်ပြပါ ပထမအစမ်း အာကာသစခန်း အပါအ၀င် ထူးခြားသော အာကာသ စူးစမ်းလေ့လာမှု ဆိုင်ရာ လှုပ်ရှားမှု၊ ပစ္စည်းကိရိယာ အသစ်ဖန်တီးမှု၊ စူးစမ်း လေ့လာရေးယာဉ် များလွတ်တင်မှု အစရှိသည်တို့ ကို စဉ်ဆက်မပြတ် ဆောင်ရွက် လာခဲ့ခြင်း ဖြစ်ကြောင်း၊ မကြာသေးမီက ဒုတိယအစမ်း အာကာသ စခန်း Tiangong-2 ကို လွှတ်တင်ခဲ့ပြီး ဖြစ်ကြောင်း၊ Tiangong-1 သည် ကမ္ဘာမှ အမြင့် ၃၇၀ ကီလိုမီတာ တွင် ကမ္ဘာကို လှည့်ပတ်နေရာမှ ယခုအခါ ထိန်းချုပ်မှုနှင့် လွှတ်နေပြီး ယင်းပြစ်ချက်ကို အချိန်မီ မပြုပြင်နိုင်ပါက ၂၀၁၇ နှစ်လယ်ပိုင်းတွင် ကမ္ဘာပေါ်သို့ ပျက်ကျလာမည် ဖြစ်ကြောင်း သိရသည်။ 

" Tiangong-1 ဟာ သူ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ အခုလို ဆက်သွယ်မှု မပြတ်တောက် ရင်လည်း သူ့ ကို အာကာသထဲမှာပဲ မီးလောင်ကျွမ်း ပျက်စီးစေဖို့  ရည်ရွယ်စီစဉ် ထားပြီး ဖြစ်ပါတယ်။ အခု ပျက်ကျလာမယ် ဆိုရင် လည်း ကမ္ဘာ့လေထု ပတ်ဝန်းကျင်ထဲကို ၀င်တဲ့အခါ အာကာသစခန်းရဲ့ ရာခိုင်နှုန်း အများစုက မီးလောင်ကျွမ်း ကုန်ဆုံး သွားမှာဖြစ်ပြီး ဝေဟင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေကို အန္တရာယ် ဖြစ်စေမှာ မဟုတ်သလို မြေပြင်ပေါ် မှာလည်း အန္တရာယ် တစ်စုံတစ်ရာ သက်ရောက်စေမှာ မဟုတ်ဘူးလို့ ယုံကြပါတယ် " ဟု တရုတ်အာကာသ အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

သို့သော် အမေရိကန် ပြည်ထောင်စု၊ ဟားဗတ်တက္ကသိုလ် မှ ပညာရှင်ဖြစ်သူ ဒေါက်တာ ဂျော်နသန် မက်ဒိုဝဲလ် က တရုတ် နိုင်ငံသည် Tiangong-1 ကို ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် အတွက် မည်သည့် နေရာသို့ ပျက်ကျမည်ကို လည်း ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း၊ ကမ္ဘာမြေပြင်ပေါ် မည်သည့်နေရာ သို့ ကျရောက်မည်ကို အမှန်တစ်ကယ် ကျရောက်ရန် ၆ နာရီခန့် အလိုတွင်မှသာ အတိအကျ သိရှိနိုင်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ အဆက်အသွယ် ပြတ်တောက်နေသည့် အတွက် မည်သည့်အချိန်တွင် ပျက်ကျမည်ကို မသိခြင်း၊ ပျက်ကျမည့် နေရာကို မသိခြင်း တို့ကြောင့် လိုအပ်သည်ထက် ပို၍ သတိထားရန် လိုအပ်ကြောင်း ပြောကြား ခဲ့ကြောင်း သိရသည်။

China's Tiangong-1 space station 'out of control' and will crash to Earth

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger