www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 22, 2016

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အလည်အပတ် သွားရောက်မှုသည် ပြီးခဲ့သည့် ၅ နှစ်ထက် ၅၀ ရာခိုင်နှုန်း မြင့်တက်လာ



ရန်ကုန် ၊ ၂၂-၉-၂၀၁၆

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံ သို့ အလည်အပတ် သွားရောက်မှုသည် ပြီးခဲ့သည့် ငါးနှစ်ထက် ၅ဝ ရာခိုင်နှုန်း မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံ သို့ အလည်အပတ် သွားရောက်မှုမှာ ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်တို့တွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်နှင့် ၂ဝ၁၁ ခုနှစ်တို့တွင် ၁ဝ ရာခိုင်နှုန်း ခန့်သာ ရှိခဲ့သည်။ စင်ကာပူ နိုင်ငံသို့ မြန်မာနိုင်ငံသားများ သွားရောက် လည်ပတ်မှုတွင် လေးညအိပ် ခရီးစဉ်များဖြင့် သွားရောက်မှု များကြောင်း သိရသည်။

စင်ကာပူနိုင်ငံ အတွင်းရှိ မြန်မာနိုင်ငံ ခရီးသွားဧည့်သည် အများစု သွားရောက် လည်ပတ်သော နေရာများမှာ Marina Bay Sands ၊ Singapore Flyer ၊ Gardens by the Bay ၊ Botanic Gardens ၊ Chinatown Little India and Arab Street ၊ Changi chapel and Museum နှင့် Singapore Zoo တို့ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်း လူလတ်တန်းစား ဦးရေ တိုးတက်လာမှု၊ ပြည်ပခရီးစဉ် သွားလာလိုသူ များပြားလာမှု၊ ပြည်ပခရီးသွား လုပ်ငန်းနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ အပြိုင်ထွန်းကား လာမှုတို့ကြောင့် စင်ကာပူနိုင်ငံသို့ သွားရောက် လည်ပတ်မှု ပိုမိုများလာခြင်း ဖြစ်သည်။

လက်ရှိတွင် စင်ကာပူနိုင်ငံမှ ဗီဇာ ဖြေလျှော့ခြင်းများ ဆောင်ရွက် ထားသည့်အတွက် ယခုနှစ် နှစ်ကုန်ပိုင်း အထိ သွားရောက်သူ များပြား လာနိုင်ပြီး စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့၏ ဖော်ပြထားမှု တွင် ယခုနှစ် အတွင်း မြန်မာနိုင်ငံမှ လာရောက် လည်ပတ်သူ ခြောက်သောင်းကျော် အထိ ရှိကြောင်း သိရသည်။ 
၂ဝ၁၅ ခုနှစ် အတွင်းက မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ သွားရောက် လည်ပတ်သူ ဦးရေ တစ်သိန်းကျော် ရှိခဲ့ပြီး ပြည်တွင်း ခရီးသွား ဧည့်သည်များ သည် နောက်ပိုင်းနှစ်များ တွင် ဥရောပနိုင်ငံများ အပါအဝင် တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား နှင့် အမေရိကန် နိုင်ငံတို့သို့လည်း သွားရောက် လည်ပတ်မှု တိုးတက် လာကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger