www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 18, 2016

မိုးကောင်းမြို့နယ် ၊ ဆားမှော်ကျေးရွာအုပ်စု အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စခန်းအား KIO/KIA လက်နက်ကိုင် အဖွဲ့က လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်



ပွိုင့် ၃၀၈ စခန်း ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၈-၉-၂၀၁၆

တပ်မတော် အနေဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အတွင်း လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းအား လုပ်ကိုင် ဆောင်ရွက်လျက် ရှိသော ဒေသခံ တိုင်းရင်းသား တောင်သူများ ၏ လွတ်လပ် အေးချမ်းစွာ လုပ်ကိုင် စားသောက် နိုင်ရေး၊ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးနှင့် စိုးရိမ် ကြောင့်ကြမှု ကင်းစွာဖြင့် သွားလာနိုင် စေရေးတို့ အတွက် နယ်မြေ လုံခြုံရေး နှင့် နယ်မြေ စိုးမိုးရေး လုပ်ငန်း တာဝန်များအား နေ့၊ ည မပြတ် ဆောင်ရွက်လျက် ရှိသည်။ ယင်းသို့ တာဝန် ထမ်းဆောင် နေသည့် ၄င်း မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ ၏ အရှေ့တောင်ဘက် (၅)မိုင်ခန့် အကွာရှိ ပွိုင့် ၃ဝ၈ စခန်းအား ယမန်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်နှင့် ၅ နာရီခွဲခန့်တို့တွင် KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ၄ဝ ဦးခန့်သည် လက်နက်ကြီး/ လက်နက်ငယ် များဖြင့် နှစ်ကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းရှိ တပ်မတော် သားများက ပြန်လည်ခုခံ ချေမှုန်းတိုက်ခိုက် ခဲ့သည့် အတွက် ရန်သူသည် နံနက် ၆ နာရီခွဲခန့်တွင် ထိခိုက်ကျဆုံး မှုများဖြင့် တောင်ဘက်နှင့် အနောက်တောင် ဘက်သို့ ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။

အဆိုပါ နယ်မြေအတွင်း KIO/KIA လက်နက်ကိုင် အဖွဲ့က လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းအား လုပ်ကိုင်ခွင့် မပြုခြင်း၊ ခြိမ်းခြောက် မောင်းထုတ်ခြင်း၊ မိုင်းထောင်ခြင်း များ ပြုလုပ် ဆောင်ရွက်လျက် ရှိသော်လည်း ဒေသခံ တောင်သူ လယ်သမားများ အနေဖြင့် မိမိတို့ မိရိုးဖလာ လုပ်ကိုင် စားသောက်မှု ဖြစ်သည့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ အား ဆက်လက် လုပ်ကိုင် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ်တွင် ခုနစ်ကြိမ်၊ ၂ဝ၁၆ ခုနှစ်တွင် နှစ်ကြိမ် စုစုပေါင်း ကိုးကြိမ် မိုင်းထောင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သဖြင့် ကျေးရွာနေ ဒေသခံ ပြည်သူ လေးဦး သေဆုံး၍ ၁ဝ ဦးဒဏ်ရာရရှိ ခဲ့သည်။ ၄င်းပွိုင့် ၃ဝ၈ စခန်းသည် ဆွတ်လျှံနယ်မြေ အတွင်းတွင် တပ်စခန်းများ ဖွင့်လှစ်၍ ကာကွယ် စောင့်ရှောက်မှု ပြုလုပ်ပေးရန် ရွာသူ၊ ရွာသားများက တိုင်းစစ် ဌာနချုပ်သို့ ဆန္ဒပြု တင်ပြတောင်းခံ ခဲ့သောကြောင့် တပ်မတော်မှ လုံခြုံရေးအရ တာဝန်ယူ ဆောင်ရွက် ပေးသည့် စခန်းတစ်ခု ဖြစ်သည်။

တပ်မတော် အနေဖြင့် တိုင်းရင်းသား ပြည်သူလူထု များ ၄င်းနယ်မြေ အတွင်း မည်သည့် နေရာတွင်မဆို လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လွတ်လပ်စွာ အေးအေးချမ်းချမ်း လုပ်ကိုင် ဆောင်ရွက် နိုင်ရန်အတွက် နယ်မြေလုံခြုံ ရေး နှင့် နယ်မြေ စိုးမိုးရေး လုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်၍ ဆက်လက် လုပ်ဆောင် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger