www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 18, 2016

MNDAA လက်နက်ကိုင်အဖွဲ့ မှ လောက်ကိုင်မြို့တွင်းသို့ ဒုံးပစ်လောင်ချာဖြင့် ပစ်ခတ်


ဦးပယ်စောက်ချိန် ၏ နေအိမ်အရှေ့မြောက်ဘက် အမိုးထိပ်စွန်း ပျက်စီးသည့်နေရာအနီး၌ တွေ့ရှိရသော 
ဗုံးသီးသံထည် အပိုင်းအစများကို တွေ့ရစဉ်

လောက်ကိုင်မြို့ကို ပစ်ခတ်ရန် ၁၀၇ မမဒုံးသီး ၃ လုံးတွဲအား လျှပ်စစ်ဝါယာကြိုးဖြင့် သွယ်တန်းထားသည်ကို တွေ့ရစဉ်

၁၀၇ မမဒုံးသီးနှင့် တပ်ဆင်ထားရှိသော အချိန်ထိန်း ကိရိယာ ၊ ဆားကစ်ပြားနှင့် ဓာတ်ခဲများကို တွေ့ရစဉ်

သိမ်းဆည်းရရှိသည့် ၁၀၇ မမဒုံးသီးများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၈-၉-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့၏ မြောက်ဘက် အစွန်၌ စက်တင်ဘာ ၁၅ ရက် ည ၉ နာရီ ၅ မိနစ်ခန့်တွင် ပေါက်ကွဲသံတစ်ခု ကြားသိရ သဖြင့် နယ်မြေ လုံခြုံရေး ဆောင်ရွက် နေသည့် တပ်မတော် စစ်ကြောင်း က သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာမှာ ယခင်ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန် ၏ နေအိမ်ဖြစ်ပြီး နေအိမ် အရှေ့ မြောက်ဘက် အမိုးထိပ်စွန်း ပျက်စီးနေပြီး ၄င်း အပျက်အစီး နေရာတစ်ဝိုက်မှ ဒုံးသီးသံထည် အပိုင်းအစ ငါးခုအား သိမ်းဆည်း ရမိသည်။ ၄င်းဖြစ်စဉ် နေရာ ပတ်ဝန်းကျင်အား နယ်မြေရှင်းလင်း ခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက် နံနက် ၇ နာရီခန့်တွင် ဒုံးသီးသံထည် အပိုင်းအစ ရှစ်ခုအား ထပ်မံသိမ်းဆည်း ရမိသည်။ မိမိတပ်များ နယ်မြေရှင်းလင်း ရာတွင် ဒုံးသီးထိမှန် ဝင်ရောက်သည့် လမ်းကြောင်းနှင့် ဝန်းကျင်ရှိ သစ်ပင်များ၏ မြင့်မားမှု အနေအထား အရ ပစ်ခတ်သည့် နေရာမှာ လောက်ကိုင်မြို့၏ အနောက် မြောက်ဘက် ၁ မိုင်ခန့်အကွာ ကုန်းစောင်းနေရာ တစ်ဝိုက်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

တွေ့ရှိရသော ဒုံးသီးအပိုင်းအစ များအား စိစစ်ချက်အရ MNDAA သောင်းကျန်းသူများ အသုံးပြုသည့် တစ်ဖက်နိုင်ငံလုပ် ၁ဝ၇ မမ ဒုံးပစ်လောင်ချာ ဒုံးသီး အစိတ်အပိုင်းများ ဖြစ်ပြီး အဆိုပါ ဒုံးသီးသည် အကွာအဝေး ၅ မိုင်ခန့်အထိ ပစ်ခတ်နိုင်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော် စစ်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် လောက်ကိုင်မြို့၏ အနောက် မြောက်ဘက် ၂ မိုင်ခွဲခန့် အကွာ တောင်ကြော တစ်ဝိုက်၌ မသင်္ကာဖွယ်ရာ ဆာလာအိတ်များ တွေ့ရှိရကြောင်း သတင်းအရ သွားရောက် ရှင်းလင်းခဲ့ရာ အဆိုပါနေရာ အနီးတစ်ဝိုက် တွင် တစ်ဖက်နိုင်ငံလုပ် ညကြည့် မှန်ပြောင်း တစ်ခုနှင့် ၁ဝ၇ မမဒုံးသီး ပြောင်းပါ ၁၈ လုံး၊ ပြောင်းမပါ လေးလုံး၊ စုစုပေါင်း ၂၂ လုံး (သုံးလုံးတွဲ ခြောက်ခု၊ လေးလုံးတွဲ တစ်ခု) တို့ကို လျှပ်စစ် ဝါယာကြိုး များဖြင့် သွယ်တန်း ထားကာ ဒစ်ဂျစ်တယ် အချိန်ထိန်း ကိရိယာဖြင့် တပ်ဆင် ထားပြီး လောက်ကိုင်မြို့၏ အဓိက နေရာများအား တစ်ပြိုင်တည်း ပစ်ခတ်ရန် ချိန်ရွယ်ထားကြောင်း တွေ့ရှိရသည်။

လျှပ်စစ် သွယ်တန်းမှု စနစ်အား အသေးစိတ် စစ်ဆေးရာ အချိန်ထိန်း ကိရိယာ အတွက် NANFU တံဆိပ်ပါ ၉ ဗို့ဓာတ်ခဲ နှစ်လုံး၊ ဒုံးသီးလျှပ်စစ် စနစ်အတွက် PAKKO တံဆိပ်ပါ ၉ ဗို့ဓာတ်ခဲ နှစ်လုံးနှင့် ဆားကစ် တစ်ခုတို့ဖြင့် အချိန်ကိုက် စုစည်းတပ်ဆင် ထားခြင်းဖြစ် ပြီး အန္တရာယ် လွန်စွာ ကြီးမားသည့် အခြေအနေ တွင် နယ်မြေခံ တပ်မတော်သား များက အသက်ကို ပဓာနမထားဘဲ ကြိုးစားဖော်ထုတ် ရှင်းလင်း မှုကြောင့် လောက်ကိုင် မြို့သူ၊ မြို့သား များနှင့် မြို့ပြ အဆောက်အအုံ များ ထိခိုက် ပျက်စီးမှု အန္တရာယ်မှ အချိန်မီရှင်းလင်း ကာကွယ် နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင် တစ်ဝိုက်အား နယ်မြေခံ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း  ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger