www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 18, 2016

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် စစ်ရေယာဉ် ဘုရင့်နောင် ပြန်လည်ရောက်ရှိ



နေပြည်တော် ၊ ၁၈-၉-၂၀၁၆

ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်း သို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော် (ရေ) မှ ဗိုလ်မှူးချုပ် ဇွဲဝင်းမြင့် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ ပါဝင်သည့် စစ်ရေယာဉ်- ဘုရင့်နောင် သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြန်လည်ရောက်ရှိ လာရာ ရေတပ် သင်္ဘောကျင်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

စစ်ရေယာဉ်- ဘုရင့်နောင်သ ည် စက်တင်ဘာ ၁၁ ရက် ဒေသ စံတော်ချိန် ည ၁၁ နာရီ ၅၅ မိနစ်တွင် ထိုင်းနိုင်ငံ ရေပြင်အတွင်း ရောက်ရှိခဲ့ရာ ထိုင်းစစ်ရေယာဉ် များက အဆင့်ဆင့် လိုက်ပါပို့ဆောင် ပေးကြပြီး ဖူးခက်ဆိပ်ခံ တံတား၌ ထိုင်းဘုရင့် ရေတပ် အမှတ်(၃) ရေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက် ကြသည်။

ဆက်လက်၍ စက်တင်ဘာ ၁၃ ရက်တွင် အမှတ်(၃) ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး Vice Admiral Sayan Prasongsamret က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ ကြပြီး နေ့လယ်ပိုင်းတွင် ထိုင်းဘုရင့် ရေတပ်မှ အရာရှိ၊ စစ်သည်များက စစ်ရေယာဉ်- ဘုရင့်နောင်အား လာရောက် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ များက ရေယာဉ် အပိုင်းအလိုက် လိုက်လံရှင်းလင်း ပြသကြသည်။

စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် စစ်ရေယာဉ်- ဘုရင့်နောင် မှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့က ထိုင်းဘုရင့် ရေတပ်အမှတ်(၃) ရေတပ်စခန်း ဌာနချုပ်မှ Deputy Commander of 3rd Naval Area Command နှင့် ရေတပ်အရာရှိ များအား ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်း တွင် ထိုင်းဘုရင့်ရေတပ် အမှတ်(၃) ရေတပ်စခန်း ဌာနချုပ် Chief of Staff ဖြစ်သူ Rear Admiral Montree Jungmankong နှင့်အဖွဲ့ က ဖူးခက်ဆိပ်ခံ တံတား၌ မြန်မာ့ တပ်မတော်(ရေ) မှ အရာရှိ ၊ စစ်သည်များအား လာရောက် တွေ့ဆုံကြသည်။

စစ်ရေယာဉ်- ဘုရင့်နောင် သည် ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်တွင် ဖူးခက်ဆိပ်ခံ တံတားမှ ပြန်လည်ထွက်ခွာ လာရာ ထိုင်းစစ်ရေယာဉ် HTMS Klaeng နှင့် PGM- 993 ၉၉၃ တို့က လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။

စစ်ရေယာဉ်- ဘုရင့်နောင် ဖြင့် လိုက်ပါသွား ကြသော အရာရှိ၊ စစ်သည် များသည် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ရှိ နေစဉ်အတွင်း ဖန်င ရေတပ်စခန်း ဌာနချုပ်နှင့် မြို့တွင်း အထင်ကရ နေရာများသို့ သွားရောက် လေ့လာခြင်း၊ နှစ်နိုင်ငံအရာရှိ၊ စစ်သည်များ အချင်းချင်း ချစ်ကြည်ရေး ဘော်လီဘော ကစားခြင်းများ ပြုလုပ် ခဲ့ကြသည်။

တပ်မတော်(ရေ) မှ စစ်ရေယာဉ်များ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရာတွင် ယခု ခရီးစဉ်သည် တတိယ အကြိမ်မြောက် ခရီးစဉ်တစ်ခု ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger