www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 21, 2016

နှာခေါင်းသွေး လျှံခြင်း


နှာခေါင်းသွေး လျှံခြင်း

ဒေါက်တာ လွင်သန့်

နှာခေါင်းသွေး လျှံတာ လူတိုင်းလိုလို ကြုံဖူးကြ ပါတယ်။ အများအားဖြင့် ကလေးငယ် တွေမှာ အဖြစ်များ တတ်တယ်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရတာကအစ ရာသီဥတု ကြောင့်ရော ပင်ပန်းတဲ့ အလုပ်နဲ့ အားကစား တွေကြောင့် ဖြစ်တတ်ပါတယ်။ နှာခေါင်းသွေးလျှံ ခြင်းနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အချက် (၇)ချက် ရှိပါတယ်။ အဲဒါတွေကတော့-

(၁) နှာခေါင်းသွေးလျှံသူကို ခပ်ကိုင်းကိုင်း ထိုင်ခိုင်းထား ရမယ် ။ နှာခေါင်းသွေး လျှံနေသူကို ရှေ့ခေါင်းငိုက်ပြီး ခပ်ကိုင်းကိုင်း ထိုင်ခိုင်းရမယ်။ ခေါင်းကို နောက်လှန် ထားရင် သွေးများက နှာခေါင်းထဲက တစ်ဆင့် လည်ချောင်းထဲ ဆင်းသွားနိုင် ပါတယ်။ ထွက်လာတဲ့ သွေးများကို နှာခေါင်းပေါက် ကနေ အပြင်ထွက်သွား စေရမယ်။ ပြုစုသူဟာ ဖြစ်နိုင်ရင် လက်အိတ် စွပ်ထားရမယ်။ လူနာရဲ့ နှာခေါင်းကို ဖိကိုင်ရမှာဖြစ်လို့ လက်အိတ်စွပ် ထားရင် လက်မှာ အနာရှိရင်တောင် လူနာက တခြား ကူးစက်ရောဂါ (ဘီပိုး၊ စီပိုး) တို့ကို ကာကွယ်ပြီးသား ဖြစ်သွားတယ်။ သွေးလျှံ နေတာကိုလည်း ညှစ်ထုတ်ဖို့ မလိုပါဘူး။

(၂) နှာခေါင်းပိတ်ထား ရမယ် ။ နှာခေါင်းကို လက်နဲ့ညှစ်ပြီး ပိတ်ထားခိုင်း ရမယ်။ ပါးစပ်ကနေ အသက်ရှူစေ ရမယ်။ နှာခေါင်း ပိတ်ထားမှ သွေးလျှံတာက လျော့သွားမယ်။ လက်ဆေးခွက် သို့မဟုတ် ရေထည့်ထားတဲ့ ဇလုံတစ်ခု အပေါ် ခေါင်းငိုက်ထားပြီး ထွက်လာတဲ့ သွေးစများကို ဖြည်းဖြည်းချင်း သပ်ချခိုင်း ရမယ်။ ခေါင်းကို လှန်ထားရင် သွေးများ မျိုချမိကာ ကျန်းမာရေး ထိခိုက်နိုင် ပါတယ်။ နောက်ပြီး နှာမချေ မိအောင်၊ သွေးများ မျိုမချမိအောင်၊ ချောင်းမဆိုးအောင် တတ်နိုင်သမျှ ထိန်းခိုင်းထား ရမယ်။

(၃) နှာခေါင်းကို စစ်ဆေးကြည့် သင့်တယ် ။ နှာခေါင်းကို လက်နဲ့ညှစ်ပိတ် ကိုင်ထားတာ ၁ဝ မိနစ်လောက် ရှိရင် လွှတ်လိုက်ကာ သွေးထပ်ပြီး လျှံ၊ မလျှံ စောင့်ကြည့်ရမယ်။ သွေးလျှံနေတုန်း ဆိုရင် နောက်ထပ် ၁ဝ မိနစ် ညှစ်ပြီး ကိုင်ထားရမယ်။

(၄) အအေးနှင့်ဖိပါ ။ လူနာကို ရေခဲ သို့မဟုတ် အအေးတုံး တစ်ခုခု၊ ရေခဲသေတ္တာ ထဲက ဖန်ခွက် တစ်ခုခုနဲ့ နှာခေါင်းရိုး တစ်လျှောက် ပွတ်သပ်ပေး ခြင်းက သွေးမြန်မြန် ခဲသွားအောင် ကုပေး နိုင်ပါတယ်။

(၅) နှာခေါင်းကို ထပ်မံစစ်ဆေးသင့်တယ် ။ သွေးတိတ်သွားပြီ ဆိုရင် ရေစိုဝတ်နဲ့ လူနာ နှာခေါင်းကို ပွတ်တိုက် သန့်ရှင်းပေးရမယ်။ နောက်ပြီး ၁၂ နာရီအတွင်း နှပ်မညှစ်မိဖို့၊ ပြင်းထန်တဲ့ လှုပ်ရှားမှုမပြုဖို့ သတိပေး သင့်ပါတယ်။

(၆) ဆရာဝန်နှင့် ပြသဖို့လိုတယ် ။ တစ်ပတ် တစ်ကြိမ်မက နှာခေါင်းသွေး လျှံရင် သွေးတိုးရောဂါ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသခိုင်းရမယ်။ သွေးခဲခြင်း မဖြစ်အောင် သွေးကျဲဆေး သောက်နေရသူများ အနေဖြင့် မကြာမကြာ နှာခေါင်းသွေးလျှံ တာရှိလာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ခေါင်းထဲ ဆစ်ကနဲဖြစ်ပြီး သွေးရည် နည်းနည်းပါတဲ့ အရည်ကြည်များ နှာခေါင်းက ထွက်လာရင် ဦးခေါင်းခွံအက် နေခြင်းကြောင့် ဖြစ်ပါတယ်။

(၇) နှာခေါင်းသွေးလျှံခြင်း ။ နှာခေါင်းသွေး လျှံခြင်းဟာ ရုတ်တရက် ကြုံတွေ့နိုင်ပြီး မတော်တဆ ထိခိုက်မှု၊ လက်ဝှေ့၊ ဘောလုံး၊ ဘတ်စကက်ဘော ကစားရင်း ဒဏ်ရာရမှု၊ လက်နဲ့ တစ်ချိန်လုံး နှိုက်နေခြင်း၊ အပြင်းအထန် နှာချေခြင်းတို့ ကနေ နှာခေါင်းသွေး လျှံကျတတ်လို့ ပြင်းထန်တဲ့ အပြုအမူများ လုပ်ခြင်းကို ရှောင်ကြဉ်သင့် ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger