www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 14, 2016

လပွတ္တာမြို့နယ် လေးဂွကြီးကျေးရွာတွင် ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ရာသီဥတုဒဏ်ခံ Shelter ဆောက်လုပ်မည်



လပွတ္တာ ၊ ၁၄-၇-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ် လေးဂွကြီး ကျေးရွာတွင် ငွေကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ ရာသီဥတု ဒဏ်ခံနိုင်သည့် Shelter တစ်လုံးကို ဇူလိုင်လ နောက်ဆုံးပတ်တွင် စတင် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း Share Ayeyarwaddy မှသိရသည်။

အဆိုပါ ကျေးရွာသည် လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာများ ထဲတွင် မြစ်ကမ်းဘေး၌ တည်ရှိ၍ ရာသီဥတုဒဏ် အများဆုံး ခံရသည့် ကျေးရွာဖြစ်ပြီး ယခု အဆောက်အအုံ ကို ကိုရီးယား ဗုဒ္ဓဘာသာ ဖောင်ဒေးရှင်း မှ အလှူငွေ ထည့်ဝင်ပြီး Share Ayeyarwaddy က ဆောက်လုပ် ပေးမည်ဖြစ်သည်။

''လေးဂွကြီး ကျေးရွာက ရာသီဥတု ဒဏ်ကို တစ်မိုးတွင်းလုံး ခံရတယ်။ သွားရေး၊ လာရေးဝေးတဲ့ အပြင် လူဦးရေက များပြီး ရေကြီးလာရင် နေစရာနေရာ မရှိဘူး။ ဘုန်းကြီးကျောင်း ကလဲ ကျဉ်းတော့ Shelter တစ်ခု ဆောက်ပေးဖို့ ကျေးရွာလူထု နဲ့လဲ ဆွေးနွေး ပြီးပါပြီ''ဟု Share Ayeyarwaddy မှ ဒါရိုက်တာ ကိုမျိုးထွန်း က ပြောပြသည်။

အဆိုပါ Shelter အဆောက်အအုံ သည် အလျားပေ ၆၀ ၊ အနံပေ ၃၀ ၊ အမြင့် ၂၁ ပေ အကျယ်အဝန်း ရှိပြီး လူဦးရေ ၃ဝဝ ကျော် နေထိုင် နိုင်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်တွင် ကျေးရွာပေါင်း ၃၆ ရွာရှိပြီး အရပ်ဖက် အဖွဲ့အစည်း များနှင့် နိုင်ငံတော်မှ တည်ဆောက်ပေး ထားသော ရာသီဥတုဒဏ် ခံနိုင်သည့် အဆောက် အအုံ Shelter ပေါင်း ၂ဝ ခန့်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger