www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 14, 2016

မျက်လုံးခြောက် ရောဂါအတွက် ကုသဆေးအသစ်ကို FDA ခွင့်ပြု




ဝါရှင်တန် ၊ ၁၄-၇-၂၀၁၆

မျက်လုံးခြောက် ရောဂါကို ကုသရာတွင် အသုံးပြုရန် LFA-1 အမျိုးအစား ဆေးဝါးများ အနက် အမေရိကန် ပြည်ထောင်စု၊ မက်ဆာချူးဆက် ပြည်နယ်၊ လက်ဇင်တန်မြို့ အခြေစိုက် Shire US ကုမ္ပဏီက ထုတ်လုပ်သော Xiidra အမည်ရှိ ဆေးဝါးကို FDA က ပထမဆုံး အနေဖြင့် ခွင့်ပြုလိုက်ကြောင်း သိရသည်။

''မျက်လုံးအမြင် ကြည်ဖို့နဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ မျက်ရည်ပုံမှန် ထုတ်လုပ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ Xiidra က မျက်လုံးခြောက် ဝေဒနာခံစား နေရသူတွေ အတွက် ကောင်းမွန် သင့်မြတ် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မျက်လုံးခြောက် ရောဂါက ကလေးတွေမှာ အဖြစ်နည်း ပါတယ်။ အသက် ၁၇ နှစ်အရွယ်ထိ မျက်လုံးခြောက် ရောဂါ ဖြစ်ပွားတာ ရှားပါတယ်'' ဟု FDA မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မျက်လုံးခြောက် ရောဂါ ဆိုရာတွင် မျက်လုံးက လိုအပ်သော မျက်ရည်ပမာဏ ကို ထုတ်မပေးသည့် ရောဂါအုပ်စုကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ အသက်အရွယ် ကြီးရင့်လာသည် နှင့်အမျှ မျက်လုံးခြောက် ရောဂါခံစား ရနိုင်ခြေသည် လည်း မြင့်မားကြောင်း၊ အသက် ၃ဝ မှ ၄ဝအရွယ် လူလတ်ပိုင်းတို့ တွင် ငါးရာခိုင်နှုန်းထက် မနည်း၊ အသက် ၆၅ နှစ်နှင့် အထက်တို့ တွင် ၁၅ ရာခိုင်နှုန်း ထက်မနည်း တို့၌ မျက်လုံးခြောက် ရောဂါ ဖြစ်ပွားလေ့ ရှိသည်ကို တွေ့ရှိရပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

ယင်း မျက်စိခြောက် ရောဂါကို  ကုသနိုင်ရန် ထောင်ပေါင်း များစွာသော လူနာများနှင့် စမ်းသပ်အောင်မြင ခဲ့ပြီးဖြစ်သော Xiidra ကိုခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး အနေဖြင့် မျက်လုံးယားခြင်း၊ တစ်ချက်တစ်ချက် အမြင်အာရုံ ဝေဝါးသွားခြင်း၊ ခံတွင်းပျက်ခြင်း မျှသာ ဖြစ်လေ့ရှိကြောင်း သိရသည်။

''မျက်လုံးခြောက်တာ အဖြစ်များ ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ မျက်လုံးခြောက် ဝေဒနာ ခံစားရလို့ မျက်စိကု ဆရာဝန်နဲ့ ပြသကုသရသူ အမေရိကန်  နိုင်ငံသား ၂၆ သန်း ထက်မနည်း ရှိခဲ့ပြီး ၂ဝ၂၂ မှာဆိုရင် ၂၉ သန်းအထိ ရှိလာနိုင်ပါတယ်။ မျက်စိခြောက်ရင် ကိုယ်ထင်ရာမြင်ရာ မျက်စဉ်း ခပ်ဆေးတွေကို အသုံးမပြုဘဲ နားလည် တတ်ကျွမ်းသူ များနဲ့ ပြသကုဖို့ လိုပါတယ်''ဟု သုတေသီ တစ်ဦးက ပြောပြသည်။

FDA Approves Lifitegrast (Xiidra) for Dry Eye

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger