www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 12, 2016

နှလုံးရောဂါကုထုံးအသစ်ဖြင့် အသက်ပေါင်း မြောက်မြားစွာကို ကယ်တင်နိုင်မည်




ဝါရှင်တန် ၊ ၁၂-၇-၂၀၁၆

နှလုံး သွေးကြောကျဉ်း ရောဂါကို ကုသရာတွင် အသုံးပြုသည့် stent အမျိုးအစားသစ်ကို အမေရိကန် ပြည်ထောင်စု၊ အစားအစာနှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးအဖွဲ့  FDA က ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းနှင့် ယင်း stent အမျိုးအစားသစ် သည် ဇီဝပြိုကွဲနိုင်စွမ်း ရှိသည့်အတွက် အချိန်တန်လျှင် အလိုအလျှောက် ပျော်ဝင် ပျောက်ကွယ် သွားမည်ဖြစ်သည့် အတွက် အသက်ပေါင်း မရေမတွက် နိုင်အောင်ပင် ကယ်တင် သွားနိုင်တော့မည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၊ University Hospitals မှ သုတေသီများက ထုတ်ပြန် ကြေညာသည်။ 

အဆိုပါ stent အမျိုးအစားသစ်ကို Abbott Absorb Stent ဟု အမည်ပေး ထားကြောင်း၊ သမားရိုးကျ သတ္တု stent များအတိုင်း ပိတ်ဆို့ နေသော နှလုံးသွေးကြောကို တွန်းဖွင့်ပေးကြောင်း၊ သို့ သော် နှစ်နှစ်မှ သုံးနှစ်အတွင်း သွေးကြောထဲတွင် အရည်ပျော် ပျောက်ကွယ် သွားနိုင်သည့် အစွမ်းရှိကြောင်း၊ သမားရိုးကျ stent များသည်လည်း အသက်ပေါင်း မြောက်မြားစွာကို ကယ်တင်ခဲ့ပြီး ဖြစ်ကြောင်း၊ သို့ သော် Absorb Stent တွင် အားသာချက် ရှိနေကြောင်း သိရသည်။ 

" အမေရိကန် ပြည်ထောင်စုမှာ တစ်နှစ်ကို stent ပေါင်း ၅၀၀၀၀၀ ထက်မနည်း ထည့်ပေးရပါတယ်။ သတ္တု stent တွေရဲ့ အထဲမှာ တစ်ရှူးအရွတ်တွေ ဖြစ်လေ့ရှိတဲ့ အတွက် သွေးကြောတွေ မာကျောသွားလေ့ ရှိပါတယ်။ Absorb Stent က ကျတော့ သွေးကြောထဲမှာ အရည်ပျော် ပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် သွေးကြောတွေ မာကြောလာ တဲ့ပြဿနာ ရှိတော့မှာ မဟုတ်သလို သဘာဝ သွေးကြောကို လည်း ပြန်ရတဲ့ သဘော ဖြစ်သွားမှာ ပါတယ် " ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။ 

" Absorb Stent ဟာ သွေးကြောရဲ့ လှုပ်ရှားမှုကို သဘာဝအတိုင်း ပြန်ဖြစ်စေ သလို သွေးခုန်နှုန်းကိုလည်း အနှောက်အယှက် မပေးပါဘူး။ သွေးစီးဆင်းမှု ကိုလည်း တည်ငြိမ်စေမှာ ဖြစ်ပါတယ်။ သတ္တု stent တွေကြောင့် ဖြစ်ပွားတဲ့ ရှုပ်ထွေးမှုတွေလည်း ရှိလာတော့ မှာမဟုတ်တဲ့ အတွက် အသက်ကယ်တင် နိုင်ခြေပိုများ ပါတယ် " ဟု ၄င်းက ဆက်လက် ရှင်းပြသည်။ 

အမေရိကန် ပြည်ထောင်စုတွင် နှလုံးရောဂါကြောင့် နှစ်စဉ် လူပေါင်း ၆၁၀၀၀၀ ထက်မနည်း သေဆုံးကြောင်း၊ ယင်းကိန်းဂဏန်းသည် သေဆုံးသူ လေးဦးလျင် တစ်ဦးနှုန်း နှလုံးရောဂါဖြင့် သေဆုံးသည့် သဘော ဖြစ်ကြောင်း၊ နှလုံးရောဂါကြောင့် သေဆုံးသူများ၏ ထက်ဝက်ကျော် သည်  အမျိုးသားများဖြစ်ပြီး အမျိုးသမီး နှလုံးရောဂါ လူနာဦးရေမှာ ပို၍ နည်းပါးကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger