www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 12, 2016

ဇူလိုင်လအတွင်း စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းစီမံချက် ၆၀ ခန့် ဆောင်ရွက်မည်



မန္တလေး ၊ ၁၂-၇-၂၀၁၆

ဇူလိုင်လ အတွင်းတွင် စားသုံးသူ အကာအကွယ် ပေးရေးနှင့် ပတ်သက်သော လုပ်ငန်းစီမံချက် ၆ဝ ခန့် ပြုလုပ်ဆောင်ရွက် သွားမည်ဟု စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

စားသုံးသူ အကာအကွယ် ပေးရေးအတွက် လက်ရှိ အချိန်တွင် ပညာပေး လုပ်ငန်းများ ကို ထိထိ ရောက်ရောက် ဆောင်ရွက် သွားရန်ရှိပြီး ကျန်းမာရေး နှင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားမှု လျော့ကျရေး အတွက် ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် သွားမည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၊ ခရိုင်များ အလိုက် စားသုံးသူ ပညာပေး လုပ်ငန်း၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံခြင်း၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှု၊ ပြည်တွင်း အလုပ်ရုံ ဆွေးနွေးပွဲ၊ တိုင်ကြားမှု လက်ခံ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို စာသင်ကျောင်း၊ ဈေးနှင့် ကျေးရွာများတွင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

စားသုံးသူကို အသိပညာ ပေး၍ ဝယ်မစား ခြင်းဖြင့် ကျန်းမာရေး နှင့် မညီညွတ်သော စားသောက်ကုန် များကို တားမြစ်ရန် ဦးတည်ထားပြီး ဆက်လက် ၍လည်း တိုင်ကြားစာ များကို ထိထိ ရောက်ရောက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။ ပညာပေး လုပ်ငန်းများနှင့် ပတ်သက်၍ အသက် ကိုးနှစ်မှ ၁၅ နှစ်အတွင်း ကလေးများသည် မှတ်ဉာဏ်စွမ်းအား အကောင်းဆုံး ဖြစ်သဖြင့် ၄င်းတို့ကို ဦးစားပေး၍ ပညာပေးလျက် ရှိသည်။

စားသုံးသူများ အနေဖြင့် ပေးဆောင်ရသော တန်ဖိုးနှင့် ညီမျှသည့် ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများ ရရှိရန် ကုန်စည်နှင့် ၀န်ဆောင်မှုကို ရွေးချယ်နိုင်ရန် ပြည့်စုံသော သတင်း အချက်အလက် များရရှိရန် လိုအပ်သည့် အပြင် စားသုံးသူ စားသုံးသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အငြင်းပွားမှု အပေါ် ဖြေရှင်းပေးရန် အရေးကို တိုင်ကြား နိုင်ကြောင်း သိရသည်။

ထို့ပြင် ခွဲခြား ဆက်ဆံမှု မရှိ၊ မျှတသော အနေအထားနှင့် ဝန်ဆောင်မှုများ ရရှိရန်လိုပြီး စားသုံးသူ အကာအကွယ် ပေးမှုများ ရရှိနိုင်ခြင်းနှင့် မှန်ကန်သော ဖြေရှင်းမှုများ ရရှိရန် လိုအပ်ကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger