www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 15, 2016

မြန်မာနိုင်ငံ၌ ကမ္ဘာကျော် အမှတ်တံဆိပ် ဖြစ်သော ARMANI EXCHANGE အရောင်းဆိုင် ပထမဆုံးဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၅-၇-၂၀၁၆

ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် တစ်ခုဖြစ်သော ARMANI EXCHANGE သည် ရန်ကုန်မြို့ HAGL ရှိ မြန်မာပလာဇာ၌ ဇူလိုင် ၁၆ ရက်တွင် ARMANI EXCHANGE အရောင်းဆိုင်ကို ပထမဆုံး ဖွင့်လှစ်၍ ရောင်းချမှု ကွန်ရက်ကို ချဲ့ထွင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ A/X အမှတ်တံဆိပ် အရောင်းဆိုင်သစ် သည် ၂ဝဝ စတုရန်းမီတာ ကျယ်ဝန်းကာ ခိုင်ခံ့သပ်ရပ် လှပသော ပစ္စည်းများနှင့် အတူ ခေတ်မီဆန်းပြား သည့် အနုပညာ လက်ရာများဖြင့် ဖန်တီးထားပြီး New York မြို့၏ အငွေ့အသက် များဖြစ်သည့် သံမဏိ၊ ရှေးဟောင်း သစ်သားများနှင့် ကွန်ကရစ်များ ဖြင့်လည်း ဆိုင်ခန်း အတွင်းပိုင်းကို ပြင်ဆင်ဖန်တီး ထားကြောင်း သိရသည်။

ကမ္ဘာ့ အသိအမှတ်ပြု ARMANI EXCHANGE သည် ခေတ်လူငယ်များ အတွက် တစ်မူထူးခြား ဆန်းပြားသည့် အီတလီဖက်ရှင်များ ထည့်သွင်း ဖန်တီးထားပြီး ခေတ်ဆန်သော ဖက်ရှင်ဒီဇိုင်း စုစည်းမှုများအား ထုတ်လုပ်လျက် ရှိသည်။ ARMANI EXCHANGE မှ အဝတ်အထည်များ၊ ဖိနပ်များနှင့် ဖက်ရှင်ကျကျ တွဲဖက်ဝတ်ဆင် နိုင်သော အသုံးအဆောင် ပစ္စည်းများကို ကမ္ဘာ့တစ်ဝန်းရှိ ဆိုင်ပေါင်း ၂၆ဝ ကျော်တွင် ရောင်းချလျက် ရှိသည်။

ထို့ပြင် ဆွဲဆောင်မှုရှိ၍ ပေါ့ပါးသော ဖက်ရှင်များနှင့် အားကစားဝတ်စုံများ၊ အထူးသဖြင့် အပေါ်မှ တွဲဖက်ဝတ်ဆင် ရသော အဝတ်အထည်များ ယူဆောင်ပေး လာမည့် ARMANI EXCHANGE အမှတ်တံဆိပ် မြန်မာနိုင်ငံ ဈေးကွက်သို့ ဝင်ရောက်လာခြင်း သည် ဖက်ရှင် ချစ်သူများအတွက် နှစ်သက်သဘောကျ စေမည် ဖြစ်ကြောင်း သိရသည်။ (လင်းဆူး)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger