www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 15, 2016

မြန်မာ-ထိုင်း အမှတ်(၂)တံတား တည်ဆောက်မှုစီမံကိန်း သြဂုတ်လအတွင်း ပြီးစီးမည်



ရန်ကုန် ။ ၁၅-၇-၂၀၁၆

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ တို့ကို ဆက်သွယ် တည်ဆောက်နေသည့် မြန်မာ-ထိုင်း အမှတ်(၂) တံတား စီမံကိန်းမှာ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် ပြီးစီးမည် ဖြစ်ကြောင်း ထိုင်းအမြန် လမ်းမကြီးများ ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောသည်။

အဆိုပါတံတား တည်ဆောက်မှု နှင့် ပတ်သက်၍ ပြီးစီးမှု အခြေအနေ များကို ရှင်းလင်း ဆွေးနွေးသည့် တတိယ အကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၁ ရက်က တာခ့်ခရိုင်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ဘက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြတ်ဦး အပါအဝင် အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဘက်မှ ၂၈ ဦး တက်ရောက် ခဲ့သည်။

တံတားနှင့် ပတ်သက်သည့် လမ်းပိုင်းဆိုင်ရာ တည်ဆောက်မှုမှာ ၂ဝ၁၇ ခုနှစ်အတွင်းတွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

ယင်းတံတား တည်ဆောက် ပြီးစီးသွားပါက မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု နှစ်ဆခန့် မြင့်တက် လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ အဆိုပါ တံတားအား ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး ပညာရှင်များက အဓိက တာဝန်ယူပြီး တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတံတား တည်ဆောက်မှုနှင့် ပတ်သက်သည့် စတုတ္ထ အကြိမ်မြောက် ဆွေးနွေးပွဲကို နှစ်နိုင်ငံမှ တာဝန်ရှိသူများက ဇူလိုင်လ နောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger