www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 27, 2016

မလေးရှားရောက် မြန်မာရွှေ့ပြောင်း လုပ်သား ၁၇၀၀ ကျော်၏ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ကို ဇူလိုင်လကုန်တွင် အပြီး ဆောင်ရွက်ပေးမည်


ရန်ကုန် ၊ ၂၇-၆-၂၀၁၆

မြန်မာ-မလေးရှား နှစ်နိုင်ငံ အစိုးရချင်း သဘောတူ ဆောင်ရွက်မှု အစီအစဉ် (G 2 G) အရ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားသူ များအနက်မှ ထုတ်ပေးရန် ကျန်ရှိနေသော မလေးရှားရောက် မြန်မာရွှေ့ပြောင်း လုပ်သား ၁၇ဝဝ ကျော်အား ဇူလိုင်လကုန် ပိုင်းတွင် အပြီး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ Park Royal Hotel ၌ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

Service Provider ကုမ္ပဏီ အနေဖြင့် မြန်မာ-မလေးရှား နှစ်နိုင်ငံ သဘော တူညီချက် အရ ၂ဝ၁၄ ခုနှစ် ဇွန်လမှ စတင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ အစိုးရချင်း သဘော တူညီချက်အရ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီးသူ ၁၃၄၂၇ ဦးရှိရာ ကုမ္ပဏီသို့ တရားဝင် လာရောက်၍ Biometric Registration လျှောက်ထားသူ ၆၉၂၆ ဦးသာ ရှိကြောင်း၊ မြန်မာ ရွှေ့ပြောင်း လုပ်သား ၅ဝဝဝ ကျော်အား တရားဝင် အလုပ် လုပ်ကိုင်ခွင့် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ရှိ နေသေးသော ၁၇ဝဝ ကျော်အား လာမည့် ဇူလိုင်လကုန် ပိုင်းတွင် အပြီး ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မလေးရှား အစိုးရ အနေဖြင့် G2G အစီအစဉ်၏ Biometric Registration လျှောက်ထားမှုအား ယခုနှစ် မတ်လ ပထမပတ်တွင် ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ လျှောက်ထားပြီး သူများသာ မလေးရှား အလုပ်သမား ဥပဒေအတိုင်း တရားဝင် အလုပ် လုပ်ကိုင်ခွင့် လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် လျှောက်ထားလျှင် G2G အစီအစဉ်အရ အဆင့် လေးဆင့်အား ဖြတ်ကျော်ပြီး သည်နှင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။

လျှောက်ထားသူသည် မလေးရှား အစိုးရအား အဆင့်လိုက် မလေးရှားရင်းဂစ် ၄ဝဝဝ ကျော် ပေးသွင်းရပြီး နှစ်နိုင်ငံ Service Provider ကုမ္ပဏီအား မလေးရှား ရင်းဂစ် ၈ဝဝ ပေးသွင်းရမည် ဖြစ်သည်။ အဆင့်ဆင့် စစ်ဆေးမှု တွင် ဆေးကျ၍ သော်လည်းကောင်း၊ အချက်အလက် များ မပြည့်စုံ၍ သော်လည်းကောင်း မလေးရှားနိုင်ငံဥပဒေအရ ၁၄ ရက်အတွင်း မိခင်နိုင်ငံသို့ ပြန်ရမည် ဖြစ်သည်။

G2G အစီအစဉ်ဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိသူများအား တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး ဆောင်ရွက်မှုအား Service Provider ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက် ပေးကြောင်း သိရသည်။

မောင်မျိုး 

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger