www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 15, 2016

အ၀လွန်ခြင်း နှင့် အပိန်လွန်ခြင်း တို့ကြောင့် ရောဂါများ ဆိုးရွားသော အခြေအနေ ရောက်နေ



ရန်ကုန် ၊ ၁၅-၆-၂၀၁၆

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၂၉ နိုင်ငံတို့တွင် လူသုံးဦးလျှင် တစ်ဦးသည် အာဟာရ ချို့တဲ့မှု (သို့မဟုတ်) အာဟာရ မှီဝဲပုံ မမှန်ကန် မှုကို ခံစားနေရပြီး အဝလွန်ခြင်း နှင့် အပိန်လွန်ခြင်း တို့ကြောင့် ကမ္ဘာတစ်ဝန်း တွင် ရောဂါဘယ များ ထူပြော လာပုံမှာ အလွန် ဆိုးရွားသော အခြေအနေ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း 2016 Global Nutrition Report တွင် ဖော်ပြထားသည်။

''အစာရေစာ ပြတ်လပ်ပြီး ပိန်နေမှ အာဟာရ ချို့တဲ့တဲ့ ဝေဒနာကို ခံစားရတာ မဟုတ်ပါဘူး။ အဝလွန်သူ တွေမှာလဲ အာဟာရ ချို့တဲ့တာပါပဲ။ တစ်နည်းအားဖြင့် အာဟာရ မှီဝဲပုံ မမှန်ကန်တာ ဖြစ်ပါတယ်။ အာဟာရ ချို့တဲ့လို့ သေးကွေးကြုံလှီ သူတွေဟာ ကူးစက်ရောဂါ မျိုးစုံကို ခုခံ ကာကွယ်နိုင်စွမ်း နည်းကြသလို အဝလွန် နေသူတွေ မှာလဲ ရောဂါ အတော် များများကို လက်ယပ်ခေါ် နေသူတွေသာ ဖြစ်ပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

''ပိန်လွန်းနေမယ်၊ ဖွံ့ထွားသင့် သလောက် မဖွံ့ထွားဘူး၊ ဒါမှမဟုတ် ကိုယ်အလေးချိန် တက်တက် လာမယ်၊ သွေးတွင်း သကြားဓာတ် များနေမယ်ဆိုရင် အာဟာရ ညံ့ဖျင်းမှုကို ခံစားနေရသူ ဖြစ်ပါတယ်။ နိုင်ငံတကာက ကလေးတွေ အရပ်ရှည်အောင်၊ မပိန်အောင် အထူး ဂရုစိုက် ဆောင်ရွက် နေကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဝလွန်သူ တွေကိုတော့ ဝေဒနာရှင်လို့ မမြင်ဘဲ နေကြလို့ အခုဆိုရင် အဝလွန်လို့ နောက်ဆက်တွဲ ဖြစ်တဲ့ ရောဂါဝေဒနာ တွေကို ကုသမှုခံယူ နေရသူဦးရေ သန်းရာပေါင်း များစွာ ရှိလာတာ ဖြစ်ပါတယ်။ ဝတယ်ဆိုတာ ဟာ လူတွေရဲ့ မျက်လုံးထဲမှာ သမားရိုးကျ ပုံရိပ်တစ်ခု ဖြစ်နေတာကို အရင်ဆုံး ဖျက်သိမ်း ပစ်ဖို့လို ပါတယ်'' ဟု Global Nutrition ၏ တွဲဖက် နာယက ပရော်ဖက်ဆာ ကိုရင်နာဟောက် က ပြောပြ၍ သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger