www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 15, 2016

ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်း First Baptist Church ကို ရှေးမူမပျက် ပြင်ဆင်ရန် အမေရိကန်သံရုံးသို့ တင်ပြမည်


 မော်လမြိုင်မြို့ ရှိ First Baptist Church

မော်လမြိုင် ၊ ၁၅-၆-၂၀၁၆

မွန်ပြည်နယ် မော်လမြိုင်မြို့၌ သက်တမ်း ၁၈၈ နှစ်ရှိသော ကမ္ဘာ့ သမိုင်းဝင် ရှေးဟောင်း ပထမနှစ်ခြင်း ခရစ်ယာန် အသင်းတော် အဆောက်အအုံ First Baptist Church ကို ရှေးမူမပျက် ပြင်ဆင်ရန် အတွက် အကြိုလေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ပြီးနောက် ပြင်ဆင်ရမည့် အစိတ်အပိုင်း များကို အမေရိကန်သံရုံး သို့ ဒီဇင်ဘာလ အတွင်း တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

အဆောက်အအုံ ကို ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှစ၍ သုတေသန ပြုလုပ်ခဲ့ရာ ပြင်ဆင်ရန် ခက်ခဲသည့် နံရံ၊ ကြမ်းပြင်၊ ခေါင်မိုး အပါအဝင် အဆောက်အအုံ ၏ နေရာအချို့မှာ ခြစားထားကြောင်း တွေ့ရှိရပြီး အမေရိကန် သံရုံးမှ ခွင့်ပြုရန်ပုံငွေ ရရှိပါက ပျက်စီးနေသည့် အပိုင်းကို ရှေးဦးစွာ ပြင်ဆင်သွားမည် ဖြစ်ပြီး ဒုတိယပိုင်း အနေဖြင့် ပြည်တွင်း ကျွမ်းကျင်ပညာရှင် များဖွဲ့စည်း၍ ရေရှည် ထိန်းသိမ်းခြင်း လုပ်ငန်းများ လက်ဆင့်ကမ်း သွားမည် ဖြစ်သည်။

အဆိုပါ အဆောက်အအုံ First Baptist Church ကို အမေရိကန်နိုင်ငံ အပါအဝင် အခြားသော နိုင်ငံအသီးသီးမှ ပညာရှင်များ လေ့လာမှု ပြုခဲ့ပြီး မွန်ပြည်နယ်တွင် အကောင်းဆုံးနှင့် သက်တမ်း အရှည်ဆုံး ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခုဖြစ်ကြောင်း သမိုင်း အထောက်အထား များတွေ့ရှိ ရသဖြင့် အမေရိကန် သံရုံးမှ ၂ဝ၁၅ ခုနှစ် သြဂုတ်လက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရှေးဟောင်း အဆောက်အအုံ တစ်ခု ဖြစ်သည်ဟု အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ပထမနှစ်ခြင်း အသင်းတော်၊ သင်းအုပ် ဆရာတော်၊ သိက္ခာတော်ရ ဆရာ ဦးကြည်ရှိန် က ပြောပြသည်။

၁၈၂၇ ခုနှစ်က အမေရိကန် သာသနာ့ အမှုတော်ဆောင် ဆရာ ယုဒဿန်မှ အဆိုပါ အဆောက်အအုံကို တည်ဆောက် ခဲ့ပြီး ၄င်း အဆောက်အအုံ ပုံစံသည်  ဒေသထွက် သယံဇာတ များကို အသုံးပြုလျက် အနောက်တိုင်း လက်ရာနှင့် မွန်ယဉ်ကျေးမှု ရိုးရာ ဗိသုကာလက်ရာ တို့ဖြင့် ပေါင်းစပ် ဆောက်လုပ် ထားသည့် အဆောက်အအုံ ဖြစ်သည်။

လက်ရှိ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အမေရိကန် သံရုံးနှင့် အမေရိကန်နိုင်ငံ ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံ ရန်ပုံငွေ အဖွဲ့(WMF) တို့ ပူးတွဲ ဆောင်ရွက်သည့် ဒုတိယမြောက် စီမံကိန်းဖြစ်ပြီး ပထမ စီမံကိန်းမှာ မန္တလေးမြို့ရှိ ရွှေနန်းတော်ကြီး ဖြစ်ပြီး မြန်မာနိုင်ငံမှ ပညာရှင်များ နှင့်အတူ ရှေးမူမပျက် ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger