www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 27, 2016

ဆေးဖက်ဝင်တဲ့ ဖလံတောင်ဝှေးပင် လေးများ



ပေါက်ပေါက်

အခုလို မိုးဦးကာလမှာ တွေ့ရတဲ့ ရာသီစာ ဖလံတောင်ဝှေးပင် တွေ ပေါ်လာပါပြီ။

သူ့ပင်ကို သဘာဝက ဆေးစွမ်းထက် တာကြောင့် နားပြည်ယိုခြင်း နဲ့ နားကိုက်ခြင်း အတွက် ဖလံတောင်ဝှေးပင် ရဲ့အပေါ်ယံ အခွံကိုနွှာ နွမ်းရုံလောက် မီးကင် အအေးခံ ပြီးတဲ့အခါ အရည်ညှစ်ယူ ထားပါ။ ရလာတဲ့ ဖလံတောင်ဝှေးရည် လေးစက်ခန့် နားထဲကို တစ်နေ့ငါးကြိမ်ခန့် ထည့်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။ ရှေးလူကြီး တွေက ဖလံတောင်ဝှေးပင် ရဲ့အမြစ်ကို ထောင်းထုပြီး နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ၊ လေနာ၊ အရေပြားရောဂါနဲ့ မြွေကိုက်ခြင်း တို့အတွက် ဆေးမြီးတို အဖြစ် ကုသလေ့ ရှိပါတယ်။ 

အမျိုးသမီး ရောဂါဖြစ်တဲ့ သားအိမ်လျှော၊ သားအိမ်ကျ၊ သားအိမ်အောင့်ခြင်း နဲ့ အမျိုးသား ရောဂါများဖြစ်တဲ့ အူကျခြင်း၊ တိုနာရောဂါတို့ အတွက် ဖလံတောင်ဝှေး ကို အခြောက်လှန်း အမှုန့်ပြုကာ အုန်းဆီနဲ့ ရောဖျော်ပြီး စအိုနဲ့ ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် သက်သာ ရာ ရစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီး တွေမှာဖြစ်တတ်တဲ့ ရင်သားအဆီ ကျိတ်ဖုအတွက် ဖလံတောင်ဝှေးပင် အနုအရင့်တွေကို ထုခြေပြီး အကျိတ်ပေါ် အုံပေးကာ အဝတ်စည်း ပေးခြင်းဖြင့် အကျိတ်ကြေ စေပါတယ်။

တစ်နှစ်မှ တစ်ကြိမ်သာ ပေါ်တဲ့ ရာသီစာ ဖလံတောင်ဝှေး ကို နို့တိုက်မိခင် တွေမှာ ဖြစ်လေ့ရှိတဲ့ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာ ပေါက်ခြင်း၊ နို့ကြောင်းပိတ် ခြင်းနဲ့ သကျည်း ကိုက်ခြင်း စတဲ့ပြဿနာ တွေအတွက် မကြာခဏ ဟင်းခါးချက်စား ပေးပါ။ နှမ်းဆီစစ်စစ်နဲ့ ကြော်ပြီးစားပါက ချောင်းဆိုးရောဂါ နဲ့ နှလုံးအားနည်းလို့ နှလုံးတုန်တဲ့ ရောဂါကို သက်သာ စေနိုင်ပါတယ်။ ငါးသိုင်း ဒါမှမဟုတ် ပုစွန်နဲ့ရောချက် စားပါက သွေးဝမ်းရောဂါကို ပျောက်စေပါတယ်။ အမဲသား နဲ့ချက်စားပါက ဆီးရွှင်ပြီး ကျောက်ကပ်ကို ကျန်းမာ စေပါတယ်။

ရေကြက်သားနဲ့ ချက်စားပါက ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးအားနည်း၊ ဆီးကျန်နဲ့ ဆီးဝါခြင်း တို့ကို ပျောက်ကင်း စေနိုင်ပါတယ်။ ပုစွန်ဆိတ်လေး တွေနဲ့ ကြော်စားပါက လိပ်ခေါင်း သွေးကျခြင်းကို သက်သာ စေပါတယ်။ ကင်ပွန်းချဉ်ရွက် နဲ့ ရောကြော်စားပါက ဆံပင်ဖြူခြင်းနဲ့ သွေးဆုံးကိုင် ဝေဒနာကို သက်သာေ စပါတယ်။

ဖလံတောင်ဝှေးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် မကြာခဏ ချက်စားပေးရင် ဝမ်းမချုပ်တော့ ပါဘူး။ အမျိုးသားများ ဒူလာရောဂါ အတွက်ကိုတော့ လက်တစ်ဆုပ်စာ ပမာဏရှိတဲ့ ဖလံတောင်ဝှေး အပင်နဲ့ အမြစ်တို့ကို သုံးခွက်တစ်ခွက် တင်ကျို ဒါမှမဟုတ် ဖလံတောင်ဝှေး အမြစ်ဥကို ချင်း၊ သကြားနဲ့ ရောကျိုကာ တစ်နေ့နှစ်ကြိမ် သောက်ပေးသင့် ပါတယ်။

အထိုင်များပြီး ခါးနာတတ်သူ တွေနဲ့ ဆီးချိုရောဂါ ကြောင့် ကျောက်ကပ် ပျက်စီးသူ တွေအတွက် ဖလံတောင်ဝှေး ပဉ္စငါးပါး (ပင်စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) ကို ငရုတ်ကောင်း နှစ်စေ့ထည့်ပြီး ဆူပွက်အောင် ကျိုချက်ကာ သောက်သုံးနိုင် ပါတယ်။

နာလန်ထစ လူနာတွေ အတွက် ဖလံတောင်ဝှေးပင် ကို အခြောက်မှုန့် ပြုပြီး ပျားရည်၊ ထောပတ်နဲ့ ရောကာ ညအိပ်ရာဝင် ခါနီးတိုင်း လက်ဖက်ရည် ဇွန်းတစ်ဇွန်း မှန်မှန် စားသုံးပေးရင် ရက်သတ္တပတ် အနည်းငယ် အတွင်း သိသိသာသာ ခွန်အားပြည့်လာ စေပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger