www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 27, 2016

အူမကြီးကင်ဆာ



ဒေါက်တာလွင်သန့် (ဆေး-၂)

၂၁ ရာစုမှာ အူမကြီးကင်ဆာ ပိုမိုဖြစ်ပွား လာတာ တွေ့ရတယ်။ လူတွေရဲ့ နေထိုင်မှုပုံစံ ပြောင်းလဲလာပြီး အထိုင်များ တဲ့အလုပ်၊ ကွန်ပျူတာ၊ အင်တာနက်နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ် ရတဲ့သူတွေ အထိုင်များ လာတဲ့အခါ ဝမ်းမမှန်၊ ဆီးမမှန် ရာကနေ အူမကြီးကင်ဆာ ဖြစ်လာရတယ်။ မျိုးရိုးလိုက်မှု က ၁ဝ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်း အထိ ရှိပါတယ်။

အူမကြီးကင်ဆာ ဟာ လိပ်ခေါင်းလို စအိုက သွေးထွက်ပြီး ဆရာဝန်က စအိုကို စမ်းသပ် ကြည့်တဲ့အခါ လိပ်ခေါင်းရှိ၊ မရှိ သိနိုင်တယ်။ လိပ်ခေါင်းနဲ့ အူမကြီးကင်ဆာ တွဲပြီး ဖြစ်နေတာမျိုး ရှိတယ်။ ဝမ်းကိုက်သလို ခံစားရတယ်။ အရေးပေါ် လက္ခဏာမှာ အူပိတ်ခြင်းနဲ့ အသည်းအထိ ပျံ့နှံ့သွားခြင်း မျိုးဖြစ်ရင် ကင်ဆာပျံ့နှံ့ သွားပြီဖြစ်တယ်။

အမဲသား၊ ဝက်သား စတဲ့ တိရစ္ဆာန် က ထွက်တဲ့အဆီတွေ စားပြီး အမျှင်ဓာတ် ပါတဲ့ အစားအစာ စားတာနည်းရင် အူမကြီးကင်ဆာ ဖြစ်ဖို့များတယ်။ ဟင်းချက်ရင် မပြည့်ဝဆီ (နှမ်း၊ မြေပဲ၊ နေကြာနဲ့ သံလွင်ဆီ) အနေတော် သုံးသင့်တယ်။ အမျှင်ဓာတ် များများပါတဲ့ ဟင်းသီးဟင်းရွက် များများစားရင် နေ့စဉ်ဝမ်း မှန်မှန်သွားမယ်။ ဒါကြောင့် အစားအသောက် မှာ ကင်ဆာ ဖြစ်စေတဲ့ ပစ္စည်းတွေ ပါရင်တောင် အူမကြီး အမြှေးပါးနဲ့ ထိတွေ့ချိန် နည်းပါးသွားပြီး ဝမ်းအဖြစ် စွန့်ထုတ်လို့ အူမကြီး ကင်ဆာ အဖြစ်နည်း ပါတယ်။ ရေများများ သောက်သင့် ပါတယ်။ 

အူမကြီးမှာ ဝမ်းခေါင်း အထက်ဘက် တက်တဲ့အပိုင်း (ညာ)၊ ကန့်လန့်ပိုင်း (ဘယ်) ဘက်အောက် ဆင်းတဲ့အပိုင်း ဆိုပြီးရှိရာ ဘယ် ဘက်အပိုင်းမှာ ပိုဖြစ်တတ်တယ်။ ဘယ် ဒါမှမဟုတ် အူမကြီး အောက်ဆင်းတဲ့ ဘက်မှာ ၅ဝ ရာခိုင်နှုန်း ဖြစ်တတ်ပြီး ညာဘက်ထက် သွေးဆင်းတာ၊ အချွဲကျတာ များတယ်။ တစ်ခါတစ်ရံ အူက ကျဉ်းသွားလို့ တဖြည်းဖြည်း ဝမ်းချုပ် လာတယ်။ ဒီလိုတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြရမယ်။

အူပိတ်ရင် ဗိုက်ဖောင်း လာတယ်။ ဝမ်းလုံးဝ မသွားဘဲ လေလည်း မလည်တော့ဘူး။ အစာစားရင် အန်ထွက်တယ်။ ညာဘက် အူမကြီးကင်ဆာ က ဘယ်ဘက်လောက် မသိသာဘူး။ တဖြည်းဖြည်း နေလို့ မကောင်းဘူး။

ကင်ဆာရှိတဲ့ နေရာက သွေးထွက်တယ်။ လူကပိန်မယ်။ အစားအသောက် ပျက်မယ်။ သွေးအားနည်း လာတယ်။ ဗိုက်ထဲ အလုံးစမ်း မိနိုင်တယ်။ အူပိတ် သွားနိုင်တယ်။ ကင်ဆာ အကျိတ်၊ အလုံး ဟုတ်၊ မဟုတ် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။

ကင်ဆာ ကုသမှုအရ နုစဉ်အခါမှာ အူမကြီးကို ဖြတ်တောက်ပြီး ကင်ဆာ အစိတ်အပိုင်းကို ဖယ်ရှားကာ တီမိုသွင်းခြင်း နဲ့ ဓာတ်ကင်ခြင်း တစ်မျိုးထက် ပိုပြီး တွဲဖက် ကုသရင် ပျောက်ကင်း ပါတယ်။ တချို့ မစင်အိမ် ကင်ဆာနဲ့ တွဲနေရင် မစင်ပေါက် ကနေ ဝမ်းသွားစေတယ်။ အခုခေတ်မှာ မစင်လမ်းကြောင်း လွှဲပြောင်းခြင်း ချုပ်စက် တစ်မျိုးနဲ့ နဂိုအတိုင်း ဝမ်းသွားရအောင် ပြန်ဆက်ပေးလို့ ရနေပါပြီ။

ကင်ဆာ သက်တမ်းကို ငါးနှစ် အသက်ရှင်မှုနဲ့ တိုင်းတာတယ်။ တချို့ အူမကြီးကင်ဆာ ရောဂါသည်များ စိတ်ဓာတ်မကျဘဲ ခံနိုင်ရည် ရှိလို့ ခွဲစိတ်ပြီး ၁ဝ နှစ်ကျော် ရောဂါမပြဘဲ နေနိုင်သလို တချို့ ဓာတ်ကင်ပြီးမှ ခွဲစိတ် တဲ့အခါ ကျုံ့သွားလို့ ခွဲစိတ်ရ လွယ်တယ်လို့ သိရတယ်။ အသည်းထဲ ရောက်သွားရင် ရေဖျဉ်းစွဲခြင်း ဖြစ်ပြီး ကင်ဆာဆေး နဲ့ ကုသနိုင်တယ်။ သဘာဝကုထုံး တွေလည်း ရှိနိုင်ပါတယ်။

အူမကြီး သဘာဝက အစာချေစနစ် မှာ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးက အညစ်အကြေး တွေ စိစစ် စွန့်ပစ်ရတဲ့ အတွက် ကင်ဆာ ဖြစ်ပေမယ့် စွန့်ပစ်ပစ္စည်း စုပုံရာ နေရာဖြစ်တယ်။ အဆီနဲ့ သကြားကဲ့သို့ အစာ၊ အမျှင်ဓာတ် နည်းတဲ့ အစာတွေဟာ အကျိုးပြုဆဲလ် တွေရဲ့ပရိုတိန်းဓာတ် ပျက်စီး စေတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger