www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 28, 2016

နိုင်ငံတကာအဆင့် ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲတွင် မြန်မာကော်ဖီနမူနာ ၅၆ ခု အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံရ



ရန်ကုန် ၊ ၂၈-၆-၂၀၁၆

မြန်မာနိုင်ငံ ကော်ဖီအသင်း နှင့် Winrock International (Value Chain) တို့ ကြီးမှူး ကျင်းပသော ဒုတိယအကြိမ် နိုင်ငံတကာ အဆင့် ကော်ဖီ အရည်အသွေး အကဲဖြတ် ပြိုင်ပွဲတွင် မြန်မာ ကော်ဖီနမူနာ ၅၆ ခုမှ အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံ ရကြောင်း Winrock International မှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကော်ဖီနမူနာ ၆ဝ ယှဉ်ပြိုင်ရာ ၅၆ ခုမှာ အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံခဲ့ ရပြီး မြန်မာကော်ဖီ ၃၆ တန်ကို အမေရိကန် နိုင်ငံ ဝါရှင်တန် အခြေစိုက် သွင်းကုန်ကုမ္ပဏီ တစ်ခုက ပြည်တွင်းပျမ်းမျှ ဈေးထက် သုံးဆနီးပါး ပိုမိုပေးချေ ဝယ်ယူရန် သဘောတူ ခဲ့ကြောင်း သိရသည်။

Winrock International  မှ ပုဂ္ဂလိက ဆက်ဆံရေး အကြီးတန်း အရာရှိ ဒေါ်စံပယ်စုယဉ်နွဲ့ က '' ဒီနှစ်ကော်ဖီ အရည်အသွေး အကဲဖြတ်ပြိုင်ပွဲမှာ ကော်ဖီ အမျိုးပေါင်း ၆ဝ ဝင်ပြိုင်ခဲ့တယ်။ ၅၆ ခုကို အထူးတန်းဝင် ကော်ဖီအဖြစ် ပထမဆုံး အသိအမှတ်ပြု ခံရတယ်။ အဲဒီထဲက ၃၆ တန်ကို ဝယ်ယူဖို့ သဘောတူခဲ့ တာပါ။ အမေရိကန် ပြည်ထောင်စုကို တင်ပို့တာလည်း ဒါ ပထမဆုံးအကြိမ် ပါ'' ဟု ပြောသည်။

အဆိုပါ ကော်ဖီ အရည်အသွေး အကဲဖြတ် ပြိုင်ပွဲတွင် အကောင်းဆုံး ကော်ဖီ အရည်အသွေးဆု ရရှိသူများအား ဆုချီးမြှင့်ပွဲကို ဇွန် ၂၁ ရက်က ရှမ်းပြည်နယ် ရွာငံမြို့၌ ကျင်းပခဲ့ပြီး လာမည့်နှစ် များတွင်လည်း နိုင်ငံတကာ အဆင့် ကော်ဖီ အရည်အသွေး အကဲဖြတ်ပြိုင်ပွဲ များတွင် ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

Winrock International  အဖွဲ့သည် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (USAID) ၏ ပံ့ပိုးကူညီမှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် မြန်မာနိုင်ငံမှ ကော်ဖီစိုက် တောင်သူများအား ကူညီနေပြီး ကုန်စည် တန်ဖိုးမြှင့် ကွင်းဆက်များအား တောင်သူများနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger