www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 29, 2016

DADDY ပြည်တွင်းခရီးသွား လုပ်ငန်းမှ သဘာဝဇင်းကျိုက် ရေတံခွန်ကို မိုးရာသီ ခရီးစဉ်အဖြစ် စီစဉ်ထား



ရန်ကုန် ၊ ၂၉-၆-၂၀၁၆

မိုးရာသီ ခရီးသွား ကာလအတွင်း သဘာဝဇင်းကျိုက် ရေတံခွန်ကို မိုးရာသီခရီးစဉ် အဖြစ် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေသည့် ခရီးစဉ်အဖြစ် ထပ်မံရေးဆွဲ ထားကြောင်း DADDY ပြည်တွင်း ခရီးသွား လုပ်ငန်းမှ သိရှိရသည်။

“မိုးတွင်းကာလမှာ ခရီးထွက်ချင်သူ တွေအတွက် လောလောဆယ် ဇင်းကျိုက် ရေတံခွန်ကို စီစဉ်ထားတယ်။ ဇင်းကျိုက် ရေတံခွန်က မိုးတွင်းရောက်မှ ရေကျတော့မှ လှတာလေ။ နွေရာသီ ကတော့ ကျောက်တုံးချည်း ပဲ ရှိတော့ အဆင်မပြေဘူး။ ဇူလိုင် ၁၈ ရက် ထွက်မှာပါ။ နေ့ချင်းပြန်ခ ရီးစဉ်ဖြစ်တယ်။” ဟု DADDY ပြည်တွင်း ခရီးသွား လုပ်ငန်းမှ စီမံကိန်း တာဝန်ခံ ဒေါ်မေမီ က ပြောသည်။

လက်ရှိ မိုးတွင်းကာလ တွင် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူသည့် မြ၀တီ၊ ဘားအံ၊ မဲဆောက် နှစ်ညအိပ် သုံးရက် ခရီးစဉ်ကို သွားလာသူ များပြားနေပြီး မန္တလေး၊ ပြင်ဦးလွင်၊ ရေပြာအိုင်၊ ကျောက်စိမ်း စသည့် ခရီးစဉ်များကို ပြည်တွင်း ခရီးသွားများမှ စိတ်ဝင်စားမူ မရှိတော့ကြောင်း သိရသည်။

“မိုးတွင်းကာလ ဆိုပေမယ့်လည်း ခရီး သွားတွေ ကတော့ ရှိနေပါတယ်။ အခုဆိုဝါဆိုလ ရောက်တော့မှာ ဆိုတော့ ၀ါဆိုသင်္ကန်း ကပ်ရင်း ဘုရားဖူးကြတဲ့ ခရီးသွားတွေလဲ ရှိတယ်။“ဟု ပြည်တွင်း ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။ DADDY ပြည်တွင်း ခရီးသွားလုပ်ငန်း အနေဖြင့် ဘုရားဖူး ခရီးသွား လူကြီးများအတွက် သာမက လူငယ်များ အတွက် အသိပညာ ရသည့် ခရီးစဉ်များ အဖြစ် ဟော်နန်းများကို လေ့လာခြင်း၊ သီပေါ၊ အင်းလေး စသည့် ခရီးစဉ်များ ကိုလည်း စီစဉ်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger