www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 11, 2016

ကျောင်းပြင်ပ မူလတန်းပညာရေးကို အလယ်တန်းအထိ တိုးမြှင့်သင်ကြားရန် စီစဉ်



ရန်ကုန် ၊ ၁၁-၃-၂၀၁၆

ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှ စတင်၍ အလယ်တန်း အထိ တိုးမြှင့်သင်ကြား နိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီမှ သိရသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်မှ စတင်ပြီး ပညာရေး ဝန်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမနေဖူး သူများနှင့် ကျောင်းနေဖူး သော်လည်း မူလတန်းပညာ မပြီးဆုံးမီ ကျောင်းထွက်ခဲ့ ရသည့် အသက် ၁ဝ နှစ်မှ ၁၄ နှစ်အထိကို မူလတန်း ပညာရေး လေ့လာ သင်ကြားနိုင်ရန် လုပ်ဆောင်ပေး နေသည့် အစီအစဉ် ဖြစ်သည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး စတင်ခဲ့သော ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ် မှစပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အထိ တိုင်းဒေသကြီး ငါးခုမှ မြို့နယ်ပေါင်း ၉၄ မြို့နယ်အထိ တိုးချဲ့ပို့ချ ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၌ လူတိုင်းအတွက် ပညာရေး (Education for All) ကိုအခြေခံပြီး ပညာသင်နှစ် နှစ်ရှည်စီမံကိန်း မူဘောင်အတွင်း ချိတ်ဆက် ဆောင်ရွက်လျက် ရှိရာ နိုင်ငံအဆင့် စီမံချက်တွင် NFPE(Non-Formal Primary Education) ကို အရေးပါသည့် လုပ်ငန်း အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

ကြည်သာ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger