www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 11, 2016

မော်တော်ယာဉ်စက်ပြင် သင်တန်း လျှပ်စစ်သင်တန်း ဂဟေသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားမည်



ဘားအံ ၊ ၁၁-၃-၂၀၁၆

အာရှ-ဂျပန် ပေါင်းကူးအဖွဲ့(BAJ) နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကရင်ပြည်နယ် အစိုးရ၏ ကြီးကြပ်မှု၊ ဂျပန်နိုင်ငံ အစိုးရ၏ ပံ့ပိုးမှုတို့ဖြင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာ သင်တန်းကျောင်း စီမံကိန်းကို ကရင်ပြည်နယ် ဘားအံ စက်မှုဇုန်၌ ၂ဝ၁၃ ခုနှစ်နှင့် ဒီဇင်ဘာလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး အဆိုပါ သင်တန်း ကျောင်း၌ ဂဟေသင်တန်း၊ မော်တော်ယာဉ်/ စက်ပြင်သင်တန်း နှင့် လျှပ်စစ်သင်တန်း များကို အခမဲ့ဖွင့်လှစ် သင်ကြားပေး သွားမည် ဖြစ်သည်။

ဂဟေသင်တန်း အမှတ်စဉ်(၂)ကို ဇွန် ၂ဝ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ခြောက်လ သင်ကြားပေး သွားမည်ဖြစ်ပြီး Arc Welding, Gas Welding, Steel Welding, CO2 Welding, Cutting, Metal Processing, Grinding, Drilling တို့ကို သင်ကြားပေးမည် ဖြစ်ကြောင်း၊ မော်တော်ယာဉ်/ စက်ပြင် သင်တန်းအမှတ်စဉ် (၄)ကို ဇွန် ၂ဝ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ခြောက်လတာ ဖွင့်လှစ်မည် ဖြစ်ပြီး ဓာတ်ဆီ၊ ဒီဇယ်၊ အင်ဂျင် ပြုပြင်ခြင်း၊ ကားအောက်ပိုင်း (Suspension) EFI  ၊ ဘရိတ်ပြုပြင်ခြင်း၊ လျှပ်စစ်ဝါယာ သွယ်တန်းခြင်း တို့ကို သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် ယင်းသင်တန်းတို့ အတွက် သတ်မှတ်ပညာ အရည်အချင်းမှာ သတ္တမတန်း အောင်မြင်ပြီး သူဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

အလားတူ လျှပ်စစ်သင်တန်း အမှတ်စဉ် (၄)ကို ဇွန် ၂ဝ ရက်မှ စက်တင်ဘာ လကုန်အထိ သုံးလသင်ကြား ပေးသွားမည် ဖြစ်ပြီး သတ်မှတ် ပညာအရည် အချင်းအဖြစ် အဋ္ဌမတန်းအောင် နှင့်အထက် ရှိရမည် ဖြစ်ကာ အိမ်တွင်း လျှပ်စစ်ဝါယာ သွယ်တန်းခြင်းကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ကာ သင်တန်းကျောင်း မှ သင်ကြားပေးသည့် ပညာရပ် များဖြင့် အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်ရန် စိတ်အား ထက်သန်သူ ဖြစ်ရမည် ဖြစ်သည်။

ထို့ပြင် သတ်မှတ်ကာလ အတွင်း ကျောင်းအိပ်၊ ကျောင်းစား နေနိုင်သူ ဖြစ်ရမည် ဖြစ်သည်။ သတ်မှတ်ချက် များနှင့် ကိုက်ညီပြီး သင်တန်း တက်ရောက်ရန် စိတ်ဝင်စားသူများ အနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး ပရဟိတ ကျားကျောင်း ကမာရွတ် ဘူတာရုံလမ်း လှိုင်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁- ၅၂၄၈၅၂၊ ဝ၉- ၅ဝ၈၆၃၆၄၊ ဘီအေဂျေ (ရန်ကုန်ရုံး) အမှတ်(၉) ဦးလူနီလမ်း ကြည့်မြင်တိုင် မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁- ၂၃ဝ၁၂၄၂၊ ဝ၉- ၇၃၂၄၉၆၁၈၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဘားအံမြို့ ဖုန်း-ဝ၅၈- ၂၂၄၄၅၊ ဝ၉- ၄၂၅ဝ၂၄၆၉ဝ၊ ဘီအေဂျေ (ဘားအံရုံး) ဘားအံ- လှိုင်းဘွဲ့လမ်း စက်မှုဇုန် ကြီးကြပ်မှု ကော်မတီရုံးနှင့် UMH အထည်ချုပ် စက်ရုံလမ်း ဖုန်း - ဝ၉- ၄၉၃၃ဝ၅၆၅၊ ဝ၉- ၂၅၅၈၁၂- ၄၇၅ တို့သို့ သတ်မှတ် စာရွက်စာတမ်းများ နှင့်အတူ ဧပြီ ၁၇ ရက် နောက်ဆုံးထား လျှောက်ထား ရမည်ဖြစ်သည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger