www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 10, 2016

မြိတ်ကျွန်းစုဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ အဖြစ် သတ်မှတ်ရန် စီစဉ်လုပ်ဆောင်မည်



ရန်ကုန် ၊ ၁၀-၃-၂၀၁၆

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု ဒေသကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်စေရန် စီစဉ်လုပ်ဆောင် မည်ဖြစ်ကြောင်း မွေးမြူရေး ရေလုပ်ငန်းနှင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေး က ယခုလ ပထမပတ်တွင် မန္တလေး တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား ခဲ့ကြောင်း သိရသည်။

''မြန်မာ့ ပင်လယ်ပြင်က ရေအောက် အလှအပတွေ အများကြီး ရှိပါတယ်။ သန္တာကျောက်တန်း တွေ၊ သံပခြုပ်တွေ၊ တခြားသော ရေနေ သတ္တဝါတွေ၊ ဒါတွေက ခရီးသွားလုပ်ငန်း အတွက် စိတ်ဝင်စား စရာ ဖြစ်တဲ့အပြင်   ရေအောက် သယံဇာတေ ပါကြွယ်ဝမှု ကိုလဲ ဖော်ညွှန်း နေပါတယ်။ ဂေဟစနစ် အတွက် တန်ဖိုးဖြတ်လို့ မရပါဘူး။ ဒါပေမဲ့ ပင်လယ်ပြင်မှာ တရားမဝင် ဗုံးခွဲ ငါးဖမ်းဆီးမှု တွေနဲ့ တခြား လူတွေရဲ့ လုပ်ဆောင်မှု တွေကြောင့် ရေအောက် သယံဇာတ  ပျက်စီးဆုံးရှုံးမှု တွေ ဖြစ်ပေါ်နေ ပါတယ်။ ဒါတွေကို စနစ်တကျ ထိန်းသိမ်းဖို့ အရေးကြီး ပါတယ်။ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်ဖို့ လိုပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

မြိတ်ကျွန်းစုဒေသ သည် မြန်မာနိုင်ငံ၏ တောင်ဘက်၊ ကပ္ပလီ ပင်လယ်ပြင်အတွင်း တည်ရှိပြီး ကျွန်းပေါင်း ၈ဝဝေ ကျာ်ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုတစ်စု ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါ အမျိုးသား ဥယျာဉ် ဖြစ်သော လန်ပိကျွန်း တည်ရှိသည့် ကျွန်းစုတစ်စု ဖြစ်သည်။ အဆိုပါ ဒေသတွင် ကုန်းမြေ နှင့် ရေစပ်များတွင် ပေါက်ရောက်သော အမြဲစိမ်း သစ်တောမျိုး ၁၉၅ မျိုး၊ ဒီရေတောနှင့် သဲခုံတော ၆၃ မျိုး ရှင်သန် ပေါက်ရောက်လျက် ရှိပြီး သန္တာကျောက်တန်း မျိုးစိတ် ပေါင်း ၅၁၈ မျိုး၊ ခရုကမာ မျိုးစိတ် ၉၁ မျိုး၊ ငါးမျိုးရင်း ၄၂ မျိုးတို့ရှိ ကြောင်း၊ ထို့ပြင် ကျွန်းများပေါ် တွင် ငှက်မျိုးစိတ် ၂၂၈ မျိုးတို့ ကျင်လည် ကျက်စားပြီး နို့တိုက် သတ္တဝါ ၁၉ မျိုးနှင့် သွေးအေး သွေးနွေး  သတ္တဝါမျိုးစိတ် ပေါင်းမြောက်မြားစွာ နေထိုင် ကျက်စားသော ဒေသတစ်ခုလည်း ဖြစ်သည်။ ယခုအခါ မြိတ်ကျွန်းစု များသို့ စက်တပ် ရွက်လှေဖြင့် နိုင်ငံတကာ မှ ဝင်ရောက် လာသော ဧည့်သည် များ သာမက ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့ အနီးတစ်ဝိုက် ကျွန်းအချို့သို့ နေချင်းပြန် ကျွန်းပတ် ခရီးစဉ်များကိုပါ သွားရောက် လည်ပတ်ရန် စိတ်ဝင်စားမှုမြင့် တက်လျက်ရှိသော နေရာ ဖြစ်ကြောင်း၊ မြိတ်ကျွန်းစု ဒေသကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ အဖြစ် သတ်မှတ်ထည့်သွင်း နိုင်ရန် စီစဉ်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger