www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 10, 2016

အပူလှိုင်းအန္တရာယ် ကာကွယ်ရေး အစီအစဉ်များ မြို့ကြီး နှစ်မြို့၌ အိန္ဒိယစတင်မည်



နယူးဒေလီ ၊ ၁၀-၃-၂၀၁၆

လွန်ကဲသော အပူလှိုင်းများ ကျရောက်မည့် အလားအလာ ရှိသည့် မြို့ကြီးနှစ်မြို့ တွင် နေထိုင်သည့် မြို့သူမြို့သား များကို အပူလှိုင်း အန္တရာယ်မှ ကာကွယ်ရေး အတွက် အိန္ဒိယ အစိုးရက အစီအစဉ်များ စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း အေပီ သတင်းဌာန က ယမန်နေ့တွင် ရေးသား ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ်အတွင်း ပြင်းထန်သည့် အပူလှိုင်း များကြောင့် အနည်းဆုံး လူပေါင်း ၂၅ဝဝ သေဆုံးခဲ့ ရပြီ်း နောက် အိန္ဒိယနိုင်ငံ အစိုးရက အပူလှိုင်း အန္တရာယ် ကာကွယ်ရေး အစီအစဉ်များကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများ ၌ ဖော်ပြထားသည်။ လာမည့် သီတင်းပတ် အတွင်း စတင်မည့် အပူလှိုင်း အန္တရာယ် ကာကွယ်ရေး အစီအစဉ်များကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘူဘန်နက်ရှ်ဝါ မြို့တော်နှင့် အနောက်ပိုင်း ဒေသ နာဂပူရမြို့တော် တို့၌စတင် အကောင် အထည်ဖော် သွားမည် ဖြစ်သည်။ 

အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် အမျိုးသား အရင်းအမြစ် ကာကွယ်ရေး ကောင်စီ အဆိုအရ ယင်း အိန္ဒိယမြို့ကြီး နှစ်မြို့သည် ၂ဝ၁၅ ခုနှစ်အတွင်း အပူချိန် ၄၇ ဒီဂရီ ဆဲလ်စီးယပ်စ် ထိရှိသည့် အပူလှိုင်းဒ ဏ်ကို ခံစား ခဲ့ရကြောင်း သိရသည်။ 

နှစ်စဉ် အပူလှိုင်း ကျရောက်မှု ဒဏ်ကိုခံစား ရမြဲဖြစ်သည့် အိန္ဒိယနိုင်ငံသည် သီတင်း တစ်ပတ်စာ မိုးလေဝသ ခန့်မှန်းမှု အစီအစဉ်များ စတင်ခြင်း၊ သောက်သုံးရေ အပို သိုလှောင်ခြင်း၊ အအေးဓာတ် ပေးစွမ်း နိုင်မည့် အမိုးအကာ ထားရှိခြင်းနှင့် အလုပ်သမားများ အတွက် မွန်းလွဲပိုင်း အလုပ်နားချိန် သတ်မှတ်ပေးခြင်း တို့ဖြင့် အပူလှိုင်း ဒဏ်ကြောင့် လူသေဆုံးမှုများကို ကာကွယ်ရန် ရည်ရွယ်ထားသည်။

၂ဝ၁၅ ခုနှစ်အတွင်းက ကျရောက်ခဲ့သည့် အပူလှိုင်း ဒဏ်ကြောင့် အင်ဒရာပရာဒေ့ရှ် ပြည်နယ် တစ်ခုတည်း တွင်ပင် သေဆုံးခဲ့ရသည့် ပြည်သူဦးရေ ၁၇ဝဝ ကျော်ရှိပြီး အိန္ဒိယနိုင်ငံ တစ်ဝန်းလုံး၌ သေဆုံးခဲ့ရသူ အများစုမှာ အပူဒဏ်ကြောင့် အလုပ်နား၍ မရနိုင်သော လက်လုပ်လက်စား များဖြစ်ကြောင်း သတင်း များတွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger