www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 14, 2016

နှလုံးရောဂါအတွက် လျစ်လျူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ် (၃)



နှလုံးရောဂါအတွက် လျစ်လျူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ် (၃)

(ကောင်းထက်)

ခြေထောက်နှင့်ခြေချောင်းများ ဖောရောင်ခြင်း

ကိုယ်အပူချိန် မြင့်တက်ခြင်း ကဲ့သို့ သေးငယ်သည့် အကြောင်းခြင်းရာ များကြောင့် ခြေထောက်နှင့် ခြေေ ချာင်းများ ဖောရောင် လာနိုင်သော်လည်း ထိုသို့ ဖြစ်ပွားခြင်းသည် ခန္ဓာကိုယ် အတွက် လိုအပ်ေ သာ သွေးပမာဏကိုလုံလောက်စွာ ထုတ်ပေးနိုင်ခြင်း မရှိသည့် နှလုံး စွမ်းဆောင်ရည် ကျဆင်းခြင်း၏ အမှတ် လက္ခဏာ တစ်ခုပင် ဖြစ်သည်။

အထူးသဖြင့် ခန္ဓာကိုယ်ပုံမှန် လုပ်ရိုးလုပ်စဉ်များ လုပ်ဆောင်စဉ် သို့မဟုတ် အိပ်စက် အနားယူရန် ပြင်ဆင်ချိန်တွင် အသက်ရှူမဝ ခြင်းကြောင့် ခြေထောက်နှင့် ခြေချောင်း များ ဖောရောင်ခြင်း ကို ဖြစ်စေမည် ဖြစ်သည်။ ထိုသို့ ဖောရောင်ခြင်းသည် သဘာဝ အားဖြင့် နေ့အချိန်တွင် ဖြစ်ပွားလေ့ရှိပြီး ညအချိန်တွင် အရောင်ကျ သွားလေ့ ရှိသော်လည်း နှလုံးရောဂါ နှင့် ဆက်နွှယ်သည့် ဖောရောင်ခြင်း ဆိုပါက ထပ်တလဲလဲ ဆက်ဖြစ်နေမည် ဖြစ်သည်။

ထို့ကြောင့် ခြေထောက် သို့မဟုတ် ခြေချောင်းများသည် သာမန်ထက် လွန်ကဲစွာ ဖောရောင် လာပါ က နှလုံးရောဂါ ကြောင့် အသက် သေဆုံးခြင်း မရှိစေရန် ဆရာဝန်နှင့် ပြသခြင်း သည်သာ အကောင်းဆုံး ဖြစ်ပေမည်။

အစာမကြေခြင်း သို့မဟုတ် ရင်ပူခြင်း

ရင်ပူခြင်းနှင့် အစာမကြေ ဖြစ်ခြင်းတို့သည် အတန်အသင့် ဖြစ်လေ့ဖြစ်ထ ရှိပြီး တစ်ခါတစ်ရံ တွင် ဆိုးရွားစွာ ခံစားရလေ့ ရှိသည်။ သို့သော် အချို့သော ဖြစ်စဉ်များတွင် အနည်းငယ် ရင်ပူခြင်း သို့မဟုတ် ဝမ်းဗိုက် အထက်ပိုင်း နားတွင် နာကျင်မှု ဝေဒနာကို ခံစားရခြင်းသည် နှလုံးနာကျင်ခြင်း သို့မဟုတ် ရုတ်တရက် နှလုံး ဖောက်ပြန်ခြင်း ဖြစ်ပွားမှု၏ ရောဂါ လက္ခဏာ ဖြစ်နေနိုင်သည်။

ထို့ပြင် အဆက်မပြတ် ကြို့ထိုးခြင်း ကဲ့သို့ အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ဝေဒနာများ ထပ် တလဲလဲ ဖြစ်ခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှု အတွက် ရှေ့ပြေး လက္ခဏာလည်း ဖြစ်နိုင်သည်။ ရင်ပူခြင်း၊ အစာမကြေခြင်း သို့မဟုတ် ကြို့ထိုးခြင်း တို့သည် မအီမသာ ဖြစ်ပြီး ပျို့အန်လိုခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူ မဝခြင်း သို့မဟုတ် မူးဝေခြင်း တို့နှင့်အတူ ဖြစ်လေ့ရှိပြီး ထိုသို့ ဖြစ်ပွားပါက ဆရာဝန်နှင့် တွေ့ဆုံကာ ကျန်းမာရေး စောင့်ရှောက်မှု လျင်မြန်စွာ ရယူရန် လိုအပ်မည် ဖြစ်ေ ကြာင်း ရေးသား လိုက်ရပါသည်။

နှလုံးရောဂါအတွက် လျစ်လျူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ် (၁)
နှလုံးရောဂါအတွက် လျစ်လျူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ် (၂)

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger