www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 14, 2016

ရန်ကုန်တက္ကသိုလ် နှင့် တိုကျိုတက္ကသိုလ်တို့ ပညာရေးဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၄-၂-၂၀၁၆

ရန်ကုန်တက္ကသိုလ် နှင့် တိုကျိုတက္ကသိုလ် တို့ ပညာရေး ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်မှ သိရသည်။

တိုကျိုတက္ကသိုလ်မှ အဓိက သင်ကြားပေး လိုသောဌာနမှာ မြန်မာစာဌာန ဖြစ်သော်လည်း လက်ရှိ တွင် မြန်မာစာ ဌာန သာမက မနုဿဗေဒဌာန၊ ဥပဒေဌာန နှင့် ဒဿနိက ဌာနတို့ကိုလည်း ဂျပန်စာ သင်ကြား ပေးမည် ဖြစ်သည်။

ထို့ပြင် တက္ကသိုလ်ရှိ ကျောင်းသား များ၏ စာသင်ချိန်များ မထိခိုက်စေရန် စာသင်ချိန် ပြီးဆုံးချိန်မှသာ အဆိုပါ ဂျပန်စာသင်တန်း ကို ဖွင့်လှစ်ပေးမည် ဖြစ်သည်။

တိုကျိုတက္ကသိုလ် မှ အငြိမ်းစား ပါမောက္ခ အိုကူဒိုင်းရ  ကိုယ်တိုင် သင်ကြား ပေးနေခြင်း ဖြစ်ပြီး ယခုအခါ ပါမောက္ခ ဆရာမတစ်ဦး ထပ်မံရောက်ရှိ နေပြီဖြစ်ကာ အတန်းချိန် များလည်း ထပ်မံတိုးချဲ့ သင်ကြားလျက် ရှိသည်။ ''ဂျပန်စာကို ဂျပန်လူမျိုး တစ်ယောက်က သင်ပေးတာဆိုတော့ အသံထွက်တွေ လေ ယူလေသိမ်းတွေ ပိုပြီးမှန်တယ်။ ပြီးတော့ ဆရာက ဂျပန်သဘော သဘာဝတွေ ပါပြောပြပါတယ်။ ယင်းအတွက် အချိန်တစ်ချိန် တိုးသင်နေပါတယ်'' ဟု အဆိုပါ ဂျပန်စာသင်တန်း တက်ရောက်နေသူ မဖူးပွင့်ငုံ က ပြောသည်။

အဆိုပါ တက္ကသိုလ်နှစ်ခု တို့သည် ပညာရပ်များ လေ့လာရေး တက္ကသိုလ်ရုံးခန်း ဖွင့်လှစ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ထိုးထားခဲ့ပြီး လက်ရှိ ရန်ကုန်တက္ကသိုလ် ၌ မြန်မာစာ သင်ကြားနေသည့် ဂျပန်ကျောင်းသား ၄ဝ နီးပါး ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger