www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 16, 2016

အင်းလေးကန်အတွင်း စက်လှေများမှ ထွက်သည့် လေထု ရေထု ညစ်ညမ်းမှုနှင့် အသံဆူညံမှုများကို လျှော့ချမည့် စီမံကိန်းချမှတ် ဆောင်ရွက်မည်



တောင်ကြီး ၊ ၁၆-၁၁-၂၀၁၆

အာဆီယံ အမွေအနှစ် စာရင်းဝင်တစ်ခု အဖြစ် သတ်မှတ်ခံထား ရသည့် အင်းလေးကန် အတွင်း စက်လှေများမှ ထွက်ရှိသော မီးခိုးငွေ့များကြောင့် ဖြစ်ပေါ် လာနိုင်သည့် လေထု၊ ရေထု ညစ်ညမ်းမှုနှင့် အသံဆူညံမှု များကို လျှော့ချနိုင်ရန် စီမံကိန်းချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Save The Inle Lake အဖွဲ့မှ သိရသည်။

ယင်းစီမံကိန်းကို Noice & Air Pollution Reduction Pilot Project ဟုအမည် ပေးထားပြီး အင်းလေးဒေသ ခရီးသွား ပို့ဆောင်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်သည့် လေထု၊  ရေထု ညစ်ညမ်းမှုနှင့် အသံဆူညံမှု များကို လျှော့ချနိုင်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ် အတွင်း စက်လှေ အစင်းရေ ၃ဝ ခန့်ဖြင့် စတင် ဆောင်ရွက်မည် ဖြစ်ပြီး အင်းဒေဝီကန် လှေလုပ်ငန်း အဖွဲ့က စက်ပိုင်းဆိုင်ရာ နည်းပညာနှင့် အသိပညာပိုင်း ဆိုင်ရာ နည်းပညာ များ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အင်းလေးကန်သို့ နိုင်ငံခြား ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှု များပြားလျက်ရှိပြီး စက်တပ်လှေ အသုံးပြုမှု များလာသဖြင့် စက်လှေများမှ ထွက်ရှိသော မီးခိုးငွေ့များနှင့် ဆီယိုဖိတ်မှု များကြောင့် လေထု၊ ရေထု ညစ်ညမ်းမှု များနှင့် အသံဆူညံမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger