www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 12, 2016

နှလုံးရောဂါအတွက် လျစ်လှူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ် (၁)



နှလုံးရောဂါအတွက် လျစ်လှူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ် (၁)

( ကောင်းထက် )

လိင်ပိုင်းဆိုင်ရာ ပြဿနာများ၊ အိပ်နေစဉ် ဟောက်ခြင်းနှင့် သွားဖုံးသွေးယိုခြင်း တို့သည် သာမန် အသေးစား ရောဂါများ အဖြစ်သာ သိမှတ်ထား ကြသည်။ ထို့ကြောင့်လည်း လူအများစုက အဆိုပါ ရောဂါများကို လျစ်လျူရှု ထားကြလေ့ ရှိသည်။

သို့သော် ထိုသို့ အရေးမပါဟု ထင်မှတ်ထားသော ရောဂါများသည် ကမ္ဘာပေါ်တွင် အဆင့်တစ် လူသတ်သမား ဖြစ်သည့် နှလုံးရောဂါ၏ လက္ခဏာများပင် ဖြစ်ပေသည်။ နှလုံးနှင့် သွေးလွှတ်ကြောများ လုပ်ေ ဆာင် မှု စတင်ချို့ ယွင်း လာချိန်တွင် ရောဂါ လက္ခဏာများ ပြသမှုသည် ခန္ဓာကိုယ်၏ အခြားနေရာ များတွင် ဖြစ်ပေါ်လေ့ ရှိကြောင်း တက္ကဆက် ပြည်နယ် A&M ဆေးသိပ္ပံဌာနမှ နှလုံးအထူးကု ဆရာ ဝန် ဒေါက်တာ ဂျွန်အာဝင် က ပြောကြား ပြီး လူအများ သတိမမူမိသည့် နှလုံးရောဂါ လက္ခဏာ ခြောက်မျိုးကို ထုတ်ဖော်ပြသ ခဲ့ခြင်း ဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းခြင်း

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းခြင်းသည် မျိုးပွားအင်္ဂါ အစိတ်အပိုင်းများ သို့မဟုတ် ဦးနှောက်၏ ပြဿနာဟု အများက ထင်မြင်ယူဆလေ့ ရှိသည်။ သို့သော် အထူးသဖြင့် အမျိုးသားများတွင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းခြင်းသည် သွေးလွှတ် ကြောများ အတွင်း သွေးခဲငယ်များ အနည်ကျကာ နှလုံးသွေးကြော ကျဉ်းရောဂါ ဖြစ်ပွားရန် အစပျိုးခြင်း ကြောင့်ဖြစ်သည်။

အမျိုးသမီးများ အနေဖြင့် သွေးဆုံးချိန် တွင်ဖြစ်ပေါ်လေ့ ရှိသည့် သွေးပေါင်ချိန် နှင့် ကိုလက်စထရော ပမာဏ အပြောင်းအလဲ များအပြင် အထိုင်များသည့် အလုပ်များ ပိုမိုလုပ်ဆောင် ရခြင်းကပင် နှလုံးရောဂါကို ဖြစ်ပွား
စေခြင်းဖြစ်သည်။ ထို့ကြောင့် ဤအချက်သည် နှလုံးရောဂါ အတွက် လျစ်လျူမရှု သင့်သော လက္ခဏာ တစ်ရပ်ဖြစ်သည်။

အိပ်ပျော်နေစဉ် ဟောက်ခြင်း သို့မဟုတ် အသက်ရှူရပ်ခြင်း

အိပ်ပျော်နေစဉ် ဟောက်တတ်သူ တစ်ဦးနှင့် ဘေးချင်းယှဉ် အိပ်စက်ရခြင်းသည် အခြားသူ တစ်ဦးအတွက် စိတ်ပျက်ဖွယ် ကောင်းသော်လည်း ယင်းသို့ ဟောက်ခြင်းသည် နှလုံးရောဂါ ဖြစ်ပွားခြင်း၏ လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။

ထိုသို့ ဟောက်ခြင်းသည် အိပ်ပျော်နေစဉ် အသက်ရှူရပ် ခြင်းကြောင့်ဖြစ်ပြီး ယင်းဖြစ်စဉ်တွင် နှလုံး ရုတ်တရက် ဖောက်ပြန်ခြင်း နှင့် လေဖြတ်ခြင်း တို့ကိုမြင့်တက် စေသည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အများအပြား ပါဝင်လျက် ရှိသည်။

သွေးထုတ်လွှတ်မှု နည်းပါးစေသည့် နှလုံးခုန်နှုန်း မြန်ခြင်းကဲ့သို့ ပုံမှန်မဟုတ်သည့် နှလုံးခုန် စည်းချက် မမှန် ခြင်းသည်လည်း အိပ်ပျော်နေစဉ် ဟောက်ခြင်းကို ဖြစ်ပေါ် စေသည့်အတွက် ယင်းသို့ ဖြစ်ပွားမှုအား ဂရုစိုက် စောင့်ကြည့်ကာ ဆရာဝန်ဖြင့် ပြသခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်မည် ဖြစ်သည်။

ထို့ကြောင့် အိပ်ပျော်နေစဉ် တစ်စုံတစ်ဦး ၏ ဟောက်သည့် အသံကို ကြားရပါက ၄င်းအား အပြစ်တင်မည့် အစား ဆရာဝန်နှင့် ပြသရန် အကြံပြုရမည် ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger