www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 13, 2016

နှလုံးရောဂါအတွက် လျစ်လျူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ် (၂)



နှလုံးရောဂါအတွက် လျစ်လျူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ် (၂)

( ကောင်းထက် )

သွားဖုံးများနာကျင် ရောင်ရမ်းခြင်း သို့မဟုတ် သွေးထွက်ခြင်း

သွားဖုံးပြဿနာများ ခံစားရခြင်းသည် နှလုံးရောဂါနှင့် ဆက်စပ်မှု ရှိသည်ကို လူအနည်းငယ် မျှသာ သိရှိထားသည်။ ထိုသို့ သွားဖုံးပြဿနာ များဖြစ်ရခြင်းသည် သွားဖုံးများ ကျုံ့ခြင်းနှင့် သွားများနဲ့ခြင်းကို ဖြစ်ပေါ်စေသည့် Periodontitis ဟုခေါ်သော သွားအခြေရှိ တစ်သျှူးများ ရောင် ရမ်းခြင်းကြောင့် ဖြစ်ပြီး အဆိုးဆုံးအဖြစ် မေးရိုးကိုပင် ပျက်စီး နိုင်စေသည်။

Periodontitis သည် ခန္ဓာကိုယ်အနှံ့ရှိ အစိတ်အပိုင်းများ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်နိုင် စေသည့်အပြင် အလွန်အကျွံ ရောင်ရမ်း လာပါက သွေးလွှတ်ကြော အတွင်း သွေးခဲငယ်များ အနည်ကျ ခြင်းေ ကြာင့် ဖြစ်သည့် နှလုံး သွေးကြောကျဉ်း ရောဂါနှင့် ရုတ်တရက် နှလုံး ဖောက်ပြန် သည့် ရောဂါတို့ ဖြစ်ပွား မှုကို မြင့် တက် စေမည် ဖြစ်သည်။

ထို့ကြောင့် မိမိတို့၏ ခံတွင်း သန့်ရှင်းရေး အတွက် သွားဆရာဝန်နှင့် ပုံမှန်ပြသမှုကို ခံယူသင့်ပြီး သွားကြား အတွင်းရှိ အညစ်အကြေး များ ပြောင်စင်အောင် သွားတိုက်ခြင်း တို့ကို ပုံမှန်လုပ်ဆောင် ရမည် ဖြစ်သည်။

ပခုံး သို့မဟုတ် ဇက်ကြောတက်ခြင်း သို့မဟုတ် နာကျင်ကိုက်ခဲခြင်း

လူအချို့သည် ရုတ်တရက် နှလုံး ဖောက်ပြန်သည့် ရောဂါခံစား ရချိန်တွင် ၄င်းတို့၏ ရင်ဘတ်အပေါ် ဆင်တစ်ကောင် တက်ထိုင်ထား သကဲ့သို့ ခံစားရလေ့ ရှိသော်လည်း အချို့မှာ ၄င်းတို့၏ လက်မောင်း၊ ပခုံးနှင့် လည်တိုင် တို့အား ဆွဲကိုင်ညှစ်ခံရ သကဲ့သို့ တင်းကျပ်သည့် ဝေဒနာများကို ခံစားရလေ့ ရှိသည်။ သို့သော် ရုတ်တရက် နှလုံးဖောက်ပြန် သည့် ရောဂါခံစားရ သူအားလုံး ယင်းကဲ့သို့ ဝေဒနာများကို ခံစားရသည် မဟုတ်ပေ။ ထိုဝေဒနာများ ကို ခံစားရမည့်အစား အချို့မှာ ၄င်းတို့၏ လည်တိုင်၊ မေးရိုး သို့မဟုတ် ပခုံးများတွင် မအီမသာ ခံစားရခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း သို့မဟုတ် တစ်စုံတစ်ခုနှင့် အဖိခံထား ရသကဲ့သို့ ခံစားရမည် ဖြစ်သည်။

အချို့သော သူများအတွက်မူ ထိုသို့ ကိုယ်လက် မအီမသာဖြစ်ခြင်း ကပင် နှလုံးနာကျင်ခြင်း သို့မဟုတ် ရုတ်တရက် နှလုံး ဖောက်ပြန်သည့် ရောဂါလက္ခဏာ ဖြစ်နေတတ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၂)

နှလုံးရောဂါအတွက် လျစ်လျူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ် (၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger