www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

Jardine CM Restaurant Group လုပ်ငန်းမှ လာမည့် ငါးနှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၌ Pizza Hut ဆိုင်ခွဲပေါင်း ၂ဝ ဖွင့်လှစ်သွားမည်



ရန်ကုန် ၊ ၉-၁၂-၂ဝ၁၅

မြန်မာနိုင်ငံ၌ Pizza Hut ဆိုင်များ ဖွင့်လှစ်ရန် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် Jardine CM Restaurant Group (JCMRG) မှ ၂ဝ၁၆ ခုနှစ်မှစပြီး ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ မြို့အနှံ့အပြား၌ ဆိုင်ခွဲပေါင်း ၂ဝ ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း သိရသည်။

''ကျွန်တော်တို့ ရန်ကုန်မြို့မှာ ပထမဆုံး အနေနဲ့ ဖွင့်ထားတဲ့ Pizza Hut ဆိုင်ကိုဖွင့်ပြီး သိပ်မကြာခင်မှာ စားသုံးသူတွေ အများအပြားနဲ့ လာရောက် အားပေးတာ တွေ့ရတယ်။ Pizza Hut ရဲ့ အစားအသောက် တွေကို မြန်မာလူမျိုးတွေ ကြိုက်ကြတယ်'' ဟု အဆိုပါ စီးပွားရေး လုပ်ငန်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Pizza Hut ဆိုင်များသည် ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ရှိပြီး စားသုံးသူ အခိုင်အမာ ရရှိထားသည့် စားသောက်ဆိုင် လုပ်ငန်းတစ်ခု ဖြစ်သည်။ Jardine CM Restaurant Group လုပ်ငန်းစုသည် ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ မြို့အနှံ့အပြား၌ ဆိုင်ခွဲပေါင်း ၂ဝ ဖွင့်လှစ်ရာတွင် လူဦးရေ ထူထပ်ပြီး Pizza ကို အမှန်တကယ် ကြိုက်နှစ်သက်၍ စားသုံးမှု များပြားသည့် မြို့များ၌သာ ဦးစားပေး ဖွင့်လှစ်ရန် စီစဉ်ထားသည်။

Pizza Hut ၏ ပထမဆုံးသော ရန်ကုန်မြို့၌ ဖွင့်လှစ်သည့် စားသောက်ဆိုင်ကို ဓမ္မစေတီလမ်း နှင့် ရွှေတောင်ကြား လမ်းထောင့် ရွှေတောင်ကြား ရိပ်သာ Market Place by City Mart အနီး၌ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger