www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ယာဉ်မတော်တဆ မှုကြောင့် လူ ၃၈၆ ဦး သေဆုံးခဲ့


ရန်ကုန် ၊ ၉-၁၂-၂ဝ၁၅

မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း ယာဉ်မတော်တဆ မှုကြောင့် လူ ၃၈၆ ဦး သေဆုံးခဲ့ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၌ နိုဝင်ဘာလ အတွင်း ယာဉ် မတော်တဆမှု ပေါင်း ၁၃၅ဝ မှုဖြစ်ပွားပြီး ၂၁၇၁ ဦး ဒဏ်ရာရရှိကာ ၃၈၆ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၌ ယာဉ်တိုက်မှု အဖြစ် အများဆုံးမှာ ရန်ကုန်တိုင်း ဒေသကြီး ဖြစ်ပြီး ယာဉ်တိုက်မှု ၂၅ဝ ဖြစ်ပွားခဲ့ကာ ၃၂၄ ဦး ဒဏ်ရာရ၍ ၅၇ ဦး သေဆုံး ခဲ့သည်။ ဒုတိယ ယာဉ်တိုက်မှု အများဆုံးမှာ ပဲခူးတိုင်း ဒေသကြီးနှင့် တတိယ ယာဉ်တိုက်မှု အများဆုံးမှာ မန္တလေးတိုင်း ဒေသကြီး ဖြစ်ကြောင်း သိရသည်။ ယာဉ် မတော်တဆမှု ဖြစ်စဉ်များကြောင့် လူသေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့သည့် ဒေသမှာ မန္တလေးတိုင်း ဒေသကြီး ဖြစ်ပြီး နိုဝင်ဘာလ အတွင်း ယာဉ်တိုက်မှု ၁၆၉ မှု ဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိသူ ၂၅၁ ဦးနှင့် သေဆုံးသူ ၆၄ ဦးရှိခဲ့သည်။

ကယားပြည်နယ် သည် ယာဉ်တိုက်မှု အနည်းဆုံး ဒေသဖြစ်ပြီး ယာဉ်တိုက်မှု ခြောက်မှုသာ ရှိခဲ့ကာ ဒုတိယ ယာဉ်တိုက်မှု အနည်းဆုံး အဖြစ် ချင်းပြည်နယ်၌ ၁၁ မှု၊ တတိယ ယာဉ်တိုက်မှု အနည်းဆုံး အဖြစ် ကချင်ပြည်နယ် ၌ ၁၃ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု များတွင် သေဆုံးမှု အနည်းဆုံး ဒေသသည် ကချင်ပြည်နယ် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger