www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

EITI စံနှုန်းခုနှစ်ချက်နှင့်ပြည့်မီပါက မြန်မာနိုင်ငံအနေဖြင့် စံနှုန်းပြည့်မီသော အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် ဆောင်ရွက်သွားနိုင်မည်



ရန်ကုန် ၊ ၉-၁၂-၂၀၁၅

တွင်းထွက်သယံဇာတ ကဏ္ဍများ ပွင့်လင်း မြင်သာ စွာ ဖော်ေ ဆာင်နိုင်ရေး Extractive Industries Transparency Initiative (EITI) ကို စံနှုန်းအရ လိုအပ်ချက် ခုနစ်ချက်နှင့် ပြည့်မီပါက မြန်မာနိုင်ငံသည် တွင်းထွက် သယံဇာတ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး စံနှုန်းပြည့်မီသော အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြု ခံရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ EITI ညှိနှိုင်း ဖော်ဆောင်ရေးမှ ဦးမင်းဇာနည် က ပြောသည်။

ယခုကဲ့သို့ စံနှုန်းပြည့်မီသော အဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ် ပြုခံရရန် မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ပထမအကြိမ် EITI အစီရင်ခံစာကို တင်သွင်း ရမည်ဖြစ်ပြီး ထပ်မံ၍ ၂ဝ၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဒုတိယအကြိမ် တင်သွင်းသွား ရမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အစီရင်ခံစာ တင်သွင်းရာတွင် စံနှုန်း ခုနစ်ချက်နှင့် ပြည့်မီပါမှ အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြု ပါဝင်လုပ်ဆောင် သွားနိုင်မည် ဖြစ်သည်။ အဆိုပါ EITI စံသတ်မှတ်ချက် များတွင် သဘာဝ သယံဇာတ ဖော်ထုတ်ရေးမှ ရရှိသော အခွန်ဝင်ငွေ များအား အပြည့်အဝ ထုတ်ဖော် ပြသခြင်း၊ အစီရင်ခံစာ များသည် တိကျ ရှင်းလင်းမှုရှိခြင်း၊ အလွယ်တကူ နားလည်နိုင်ခြင်း၊ ပြည်သူလူထု အလွယ်တကူ လက်လှမ်းမီ ဖတ်ရှုနိုင်မှု၊ လူထုအတွင်း ဆွေးနွေးငြင်းခုံ သုံးသပ်မှုများ အတွက် အထောက်အပံ့ ဖြစ်၍ လုပ်ငန်းစဉ်မှ ရလဒ်များ နှင့် အကျိုး သက်ရောက်မှု များအား ပြန်လည် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် များအတွက် သင်ခန်းစာများ ရရှိရန် လုပ်ဆောင် သွားနိုင်ခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အချက်များနှင့် ပြည့်မီစေရန် အစိုးရ၊ ပုဂ္ဂလိက ကုမ္ပဏီများ နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ ပါဝင်သော သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ တို့ပူးပေါင်း၍ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဇူလိုင် ၂ ရက်တွင် ကျင်းပခဲ့သော (၂၇) ကြိမ်မြောက် နိုင်ငံတကာ EITI အဖွဲ့ အစည်းအဝေး ၌ မြန်မာနိုင်ငံအား ၄၅ နိုင်ငံမြောက် EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် အတည်ပြု လက်ခံခဲ့ပြီး ယခုကဲ့သို့ EITI အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ခြင်းဖြင့် သယံဇာတမှ ရရှိသော အကျိုးအမြတ် များကို ပြည်သူများ ရရှိခံစားနိုင် စေမည် ဖြစ်ကြောင်း သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger