www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

ချင်းမိုင်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်




ချင်းမိုင် ၊ ၉-၁၂-၂၀၁၅

ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက်သည့် အနေဖြင့် ချင်းမိုင်ခရိုင် Viang Hang ဒေသရှိ Bann Lak Tang နယ်စပ်ဂိတ်ကို နှစ်နိုင်ငံ ညှိနှိုင်းပြီး ပြန်လည်ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ်ဂိတ်ကို လုံခြုံရေးအရ ၁၃ နှစ်ကြာ ပိတ်ထားခဲ့ရာ ယခုအခါ ပြန်လည် ဖွင့်လှစ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ် ဆောင်ရွက်နေပြီ ဖြစ်သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် အတွင်းရှိ အဆိုပါ Bann Lak Tang နယ်စပ်ဂိတ်မှ ၂၂၇ ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့သို့ ကုန်ပစ္စည်းများ အလွယ်တကူ တင်ပို့နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ခြင်း အားဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနှင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင် နိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ကုန်သည်များ၊ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များနှင့် နိုင်ငံခြား ခရီးသွားဧည့်သည် များအနေဖြင့် Viang Hang - တောင်ကြီး ကျိုင်းတုံ - တာချီလိတ် စသည့်မြို့များ အကြား ခရီးသွားလာ နိုင်တော့မည် ဖြစ်သည်။

Bann Lak Tang နယ်စပ်ဂိတ် (ပုံ) သည် တောင်ကြီးမြို့နှင့် အနီးဆုံး နယ်စပ်ဂိတ် ဖြစ်ပြီး မကြာမီ အဆိုပါ နယ်စပ်ဂိတ်မှ မန္တလေးအထိ ပေါက်သော ကားလမ်းကိုလည်း ဖောက်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါ နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ပါက နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း များမှ အမေရိကန်ဒေါ်လာ ဘီလီယံ နှင့်ချီ၍ အကျိုးအမြတ် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

မိုးယံထက်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger