www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ



ရန်ကုန် ၊ ၉-၁၂-၂၀၁၅

ဒီဇင်ဘာ ၁ဝ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ မိနစ် ၂ဝ တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း ရှိ ပန်ဒါဟိုတယ်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းနှင့် အဖွဲ့ဝင်များ၊ NGO ၊ INGO များမှ ကိုယ်စားလှယ်များ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့်  ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် တာဝန်ရှိ သူတို့က အထက်တန်း အဆင့်နှင့် အလယ်တန်း အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိ သူများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား အပြီးတွင် လူ့အခွင့်အရေး ကော်မရှင်ရုံး၏ လှုပ်ရှားမှု ဓာတ်ပုံပြခန်း များအား လှည့်လည် ကြည့်ရှု အားပေးကြသည်။

၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြု ချမှတ်ပြီး ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ကြေညာ ခဲ့သည့်ရက်ကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့တစ်ဝန်း တွင် " လူ့အခွင့်အရေးနေ့ " ဟုသတ်မှတ်ပြီး အခမ်းအနားများ ကျင်းပကြခြင်း ဖြစ်သည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ''စံ''များ ဖော်ပြပါရှိပြီး နိုင်ငံ အများအပြားတွင် မိမိတို့နိုင်ငံ အသီးသီး၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပြည်တွင်းဥပဒေ များတွင် ထည့်သွင်း ပြဋ္ဌာန်းလျက် ရှိသည့်အတွက် ကမ္ဘာ့  လူ့အခွင့်အရေး ကြေညာစာတမ်းကို အပြည်ပြည် ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေဟု သဘောထား ယူဆရခြင်း ဖြစ်သည်။ လူ့အခွင့်အရေး နယ်ပယ်တွင် အခြေခံကျပြီး အရေးကြီးသည့် ကြေညာစာတမ်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အင်္ဂလိပ် ဘာသာမှ မြန်မာဘာသာ သို့ပြန်ဆိုပြီး စောင်ရေသိန်းချီ ရိုက်နှိပ် ထုတ်ဝေကာ ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ချိလျက် ရှိသည်။

အဆိုပါ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကချင်၊ မွန်နှင့် ရှမ်းဘာသာများ သို့လည်း ဘာသာပြန်ဆို ဖြန့်ချိနေပြီး ကျန်တိုင်းရင်းသား ဘာသာများ သို့လည်း ဆက်လက် ဘာသာပြန် ဖြန့်ချိသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger