www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

ဆေးသောက်နည်း လမ်းညွှန်



ဆေးသောက်နည်း လမ်းညွှန်

ထမင်းမစားခင် ပဋိဇီဝဆေးသောက်ရ မည်ဆိုလျှင် ထမင်းမစားခင် နာရီဝက်အလိုမှာ ဆေးသောက်ပါ။ ထမင်းမစားခင် ၂ မိနစ်လောက် အလိုမှ အချိန်ကပ်၍ မသောက်ပါနှင့်။ အကြောင်းကတော့ အစာနဲ့ဆေး သောက်ချိန် နီးတဲ့အခါ တချို့သော ဆေးများက အစားအစာထဲ ရောပါပြီး ဆေးစွမ်းသတ္တိ ဓာတ်ပြယ် သွားစေလို့ပါ။

ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက် ရမည်ဆိုပါလျှင် ထမင်းစားပြီးနောက် ၅ မိနစ် သို့မဟုတ် ၁ဝ မိနစ်ခန့်ကြာမှ ဆေးသောက်ပါ။ အကြောင်းကတော့ တချို့ဆေးများက အစာအိမ်ကို အနှောင့်အယှက် ပြု၍ မအီမသာ ဖြစ်စေသလို၊ တချို့ဆေးများ ကလည်း အစာဟောင်းနှင့် ရော၍ မစင်အဖြစ် ပါသွားတာကြောင့် ဆေးမတိုးတော့ ပါဘူး။

ဗီတာမင်အားဆေး တစ်ခုခုမှီဝဲ ရမည်ဆိုပါလျှင် ဆေးသောက်ရန် အကောင်းဆုံး အချိန်က နေ့လယ်စာ ထမင်းစားပြီး နောက် ၅ မိနစ် သို့မဟုတ် ၁ဝ မိနစ်ခန့် ကြာမှ သောက်ရမှာ ဖြစ်ပါတယ်။ ဗိုက်ထဲ အစာမရှိဘဲ လုံးဝ အားဆေး မသောက်ပါနှင့်။ အကြောင်းကတော့ အထူးသဖြင့် ဗီတာမင် B နှင့် ဗီတာမင် C အားဖြည့်ဆေး များဟာ ဆီးအဖြစ် ချက်ချင်းစွန့်ပါ သွားတဲ့အတွက် ဆေးအာနိသင် ပျက်ပြယ်သွားကာ သောက်သမျှ အားဆေး အချည်းအနှီး ဖြစ်စေ ပါတော့တယ်။

ဆေးပတ်လည်အောင်သောက်ပါ

နေကောင်းသွားသည့် တိုင်အောင် သောက်လက်စ ဆေးကို ရပ်မပစ်ပါနှင့်။ ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် ဆက်သောက်ပါ။ အကြောင်းကတော့ ဥပမာ- အဖျားကျသွား သော်လည်း ခန္ဓာကိုယ်ထဲမှာ ငုပ်လျှိုးကျန်ရစ် နေသေးတဲ့ အင်အားကြီး အဖျားပိုးက လူကိုထပ်မံ ဖျားနာ စေတတ်လို့ အမြစ်ပြတ် ချေမှုန်းသည့် အနေဖြင့် ဆေးညွှန်း ကုန်အောင် ဆက်သောက်ပါ။

ပဋိဇီဝဆေးဝါးများနှင့် နွားနို့အန္တရာယ်

ဆေးဝါးများကို နွားနို့နှင့် တွဲဖက်မသောက် သင့်ကြောင်း စာဖတ်ပရိသတ်များ ကြားဖူးကြမယ် ထင်ပါတယ်။ အဘယ်ကြောင့် မသောက်သင့် ပါသလဲ။ ရောဂါတစ်ခုခု အတွက် ခံတွင်းမှ မျိုချ သောက်သုံးလိုက်သော သောက်ဆေးများကို အစာအိမ်မှ အက်စစ်ဓာတ်ပြု၍ အစာချေဖျက် ပေးပြီး သက်ဆိုင်ရာ ရောဂါထံသို့ သွေးစီးကြောင်း များမှတစ်ဆင့် အနာနှင့်ဆေး တွေ့စေ၍ ဝေဒနာ သက်သာ လာစေပါတယ်။

နွားနို့ တစ်မျိုးတည်းသာ သောက်ပါက နို့ထဲတွင် ပါရှိသော ကယ်လ်စီယမ်နှင့် အာဟာရဓာတ် တို့ကို အစာအိမ်မှ ဓာတ်ပြု၍ ခွန်အား ဖြစ်စေသည်မှာ မှန်သော်လည်း အကယ်၍ တက်ထွာဆိုက္ကလင်း ( Tetracycline) အပါအဝင် ၄င်းနှင့် အာနိသင်တူသော ပဋိဇီဝ ဆေးဝါးများကို နွားနို့ဖြင့် ရောသောက်မိ ပါက နို့ထဲတွင် ပါရှိသော ကယ်လ်စီယမ် ဓာတ်က ဟန့်တားစေသော အစွမ်းရှိသဖြင့် ဆေးမတိုး စေနိုင်တော့ပါဘူး။ ထို့အတူ ကော်ဖီ၊ လက်ဖက်ရည် နှင့် အချိုရည် တို့တွင် ပါရှိသော ကဖိန်းဓာတ် များကလည်း ခန္ဓာကိုယ်မှ ဆေးဝါးကို စုပ်ယူနိုင်မှု နှောင့်နှေး စေပါတယ်။

ဒါကြောင့် မည်သည့်ဆေးဝါး အတွက်ဖြစ်စေ သောက်ရေ တစ်မျိုးတည်းဖြင့် သောက်သုံးခြင်းသာ အမှန်ကန်ဆုံး ဖြစ်ပြီး အစာမစားခင် သို့မဟုတ် စားပြီး နောက်ပိုင်း ဆေးဝါး သောက်သုံးခြင်းက အကောင်းဆုံး ဖြစ်ပါကြောင်း အိန္ဒိယနိုင်ငံမှ Dr. Sharib Azmi မှ Daily Health Tips တွင် အကြံပြု ထားပါကြောင်း ရေးသားလိုက်ရ ပါသည်။

ပေါက်ပေါက်

မြ၀တီနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger