www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

ဂျပန်အာကာသယာဉ်က ဗီးနပ်ဂြိုဟ်ကို လှည့်ပတ်ရန် ဒုတိယအကြိမ် ကြိုးပမ်း



တိုကျို ၊ ၉-၁၂-၂၀၁၅

လွန်ခဲ့သည့် ငါးနှစ်ကျော်ခန့်မှ စတင်ကာ ဗီးနပ်ဂြိုဟ် အနီးသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ Akatsuki အာကာသယာဉ် သည် ဒီဇင်ဘာ ၆ ရက်က ၄င်း၏ အမြင့်ထိန်း တွန်းကန် အင်ဂျင်များကို စက်နိုးခုတ်မောင်း ခဲ့ပြီး မိနစ် ၂ဝ ထက်မနည်း လမ်းကြောင်းရှာ ပျံသန်းနေကာ ဗီးနပ်ဂြိုဟ်၏ ဂြိုဟ်ပတ်လမ်း ထဲသို့ ချဉ်းကပ် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်က ဗီးနပ်ဂြိုဟ်ပတ် လမ်းထဲသို့ ဝင်ရောက်ရန် တစ်ကြိမ် ကြိုးပမ်းခဲ့ရာ ပင်မအင်ဂျင် စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အတွက် Akatsuki အာကာသယာဉ်ကို ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ နက်ရှိုင်းသော အာကာသ နက်ကြီးထဲသို့ လွင့်မျော သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့ စမ်းသပ်မှုသည် အောင်မြင်ခဲ့ကြောင်း၊ အာကာသ နက်ကြီးထဲသို့ လွင့်မျောသွားသော Akatsuki အာကာသယာဉ် ကို သက်ဆိုင်ရာ မြေပြင်ဌာနက ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီးနောက် ငါးနှစ်တိတိ ပြည့်သော ဒီဇင်ဘာ ၆ ရက် ၂ဝ၁၅ ခုနှစ်တွင် Akatsuki ကို ဗီးနပ်ဂြိုဟ် ပတ်လမ်းထဲ သို့ နောက်တစ်ကြိမ် ဝင်ရောက် ကြိုးပမ်းကြည့် စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'' Akatsuki ဟာ ဗီးနပ်ဂြိုဟ် ပတ်လမ်းထဲကို ရောက်သွားပြီလို့ တော့ ယူဆရ ပါတယ်။ ဒါပေမဲ့ တစ်ကယ်ပဲ ပတ်လမ်းမှန် သွားပြီလား ဆိုတာကိုတော့ စောင့်ကြည့် ပြီးမှပဲ သိမှာပါ။ Akatsuki ရဲ့ စက်ပိုင်းဆိုင်ရာ အခြေအနေ ကတော့ စိုးရိမ်စရာ မရှိပါဘူး။ ရက် အနည်းငယ် ကြာပြီးမှပဲ အာကာသယာဉ် လွှတ်ရကျိုး နပ်၊ မနပ် သိရ ပါလိမ့်မယ်''ဟု သုတေသီ တစ်ဦးက ပြောပြသည်။

Akatsuki က ဗီးနပ်ဂြိုဟ်ကို ပတ်မည့်ကိစ္စနှင့် ပတ်သက်ပြီး ''အခု Akatsuki က ပတ်တဲ့ လမ်းကြောင်း မှန်ရဲ့လား ဆိုတာကို တိုင်းတာနေ ပါတယ်။ အဖြေကို ရှာနိုင်ဖို့ ကတော့ ရက်ပေါင်း အနည်းငယ် စောင့်ဆိုင်း ရအုံးမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger