www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

စအိုဝ ယားယံသည့်ရောဂါ ဖြစ်ရသည့် အကြောင်းရင်းများ



စအိုဝ ယားယံသည့်ရောဂါ ဖြစ်ရသည့် အကြောင်းရင်းများ

အဖြစ်အများဆုံး အကြောင်းရင်းမှာ မှိုပိုးစွဲခြင်း ( Candida ) ကြောင့် ဖြစ်သည်။ မှိုပိုးစွဲသည့် နေရာတွင် အရေပြားသည် နီရဲပြီး အရေခွံများ ကွာကျတတ်သည်။ တစ်နေရာတည်း တွင် ကွက်၍ ယားယံ နေခြင်းမှာ တစ်ကိုယ်ရေ သန့်ရှင်းမှု ညံ့ဖျင်းသောကြောင့် လည်း ဖြစ်နိုင်သည်။ လိပ်ခေါင်းရောဂါ သို့မဟုတ် တုပ်ကောင် စွဲကပ်သည့် ရောဂါ ကြောင့်လည်း ဖြစ်နိုင်သည်။

စအိုနှင့် ပတ်ဝန်းကျင် နေရာတစ်ခုလုံး ယားယံနေခြင်းမှာ အရေပြားရောဂါ တစ်ခုခု ကြောင်းလည်း ဖြစ်နိုင်သည်။ ဥပမာ - အရေပြား လေးဖက်နာ ( Psoriasis ) သို့မဟုတ် ၀ဲနှင်းခူ ( Eczema ) သို့မဟုတ် ဓာတ်မတည့်ခြင်း တုံ့ပြန်မှု ( Allergy ) တို့ကြောင့် ဖြစ်နိုင်သည်။

ဓာတ်မတည့်မှု ဖြစ်ရခြင်းမှာ အ၀တ်လျှောက် ဆပ်ပြာ သို့မဟုတ် ကိုယ်တိုက်ဆပ်ပြာ စသည့် ဆပ်ပြာမှုန့် ၊ ဆပ်ပြာရည် တစ်ခုခုနှင့် ဓာတ်မတည့်ခြင်း ကြောင့် ဖြစ်နိုင်သည်။ နာတာရှည် ယားယံ ကုပ်ခြစ်မှုကြောင့် အရေပြား ထူလာသည့် အခြေအနေ ရောက်လျှင် ထို ပြဿနာကို ဖြေရှင်းရန် ခက်ခဲ တတ်သည်။ ယားလို့ ကုတ်ခြင်းဖြစ်ပြီး ကုတ်ခြင်းကြောင့် ယားယံသော စက်ဝိုင်းသဏ္ဍာန် ဖြစ်လာသည်။

ကုသနည်း ၊ မိမိဘာသာ ကုသနိုင်သော နည်းလမ်းများ ရှိသည်
  • (၁) အရေးကြီးသည်မှာ စအိုတစ်ဝိုက် နေရာများကို သန့်ရှင်းရေး ကောင်းစွာ ပြုလုပ်ခြင်း ဖြစ်သည်။ ၀မ်းသွားပြီးတိုင်း ဆေးကြော သန့်စင်ပြီးနောက် ခြောက်သွေ့အောင် ထားရမည်။ သို့သော် အလွန်အမင်း ခြောက်သွေး သွားအောင် မလုပ်ရပါ။
  • (၂) အရေပြားကို နှိုးဆွပေးသော ဆပ်ပြာများ မသုံးရပါ။ ကုတ်ရန်လည်း မကြိုးစားပါနဲ့။ ကုတ်လျှင် ပိုဆိုးတတ်သည်။
  • (၃) ရေနွေးစိမ်၍ ချိုါ်ပါ။ သို့မဟုတ် ရေနွေးရေပန်းဖြင့် ချိုးပြီး အိပ်ရာဝင်ခြင်းဖြင့် ညအချိန် ယားယံခြင်းကို သက်သာ စေနိုင်ပါသည်။
  • (၄) အတွင်းခံ ဘောင်းဘီများကို သဘာဝ ချည်မျှင်ဖြင့် ရက်လုပ်ထားသော အမျိုးအစားကို သုံးပြီး ချောင်ချောင်ချိချိ ၀တ်ပါ။
  • (၅) စတီးရွိုက် ပါဝင်သော ဆရာဝန် ညွှန်ကြားချက် မလိုသည့် လိမ်းဆေး ၀ယ်၍ လိမ်းလျှင် သက်သာ စေနိုင်ပါသည်။
သုံးရက်ထက် ကျော်လွန်၍ စအိုယားယံခြင်း ဝေဒနာ ခံစားနေရပါက ဆရာဝန်နှင့် ပြသတိုင်ပင် သင့်သည်။ သင်၏ ဆရာဝန်က စမ်းသပ် စစ်ဆေးပြီး လိုအပ်သည့် ကုသမှု ပြုလုပ်ကာ အကြောင်းရင်းကို ရှာဖွေ၍ ကုသပေးမည် ဖြစ်သည်။ ဥပမာ - နာတာရှည် လိပ်ခေါင်းရောဂါ ဆိုလျှင် ခွဲစိတ် ဖြတ်တောက် ဖယ်ရှား ပေးရန်လိုပါသည်။

မေ ၊ Healthcare

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger