www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 9, 2015

စိတ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သော မော်တော်ယာဉ် တရုတ်နိုင်ငံ၌ တည်ဆောက်




ပေကျင်း ၊ ၉-၁၂-၂၀၁၅

တရုတ်နိုင်ငံ၏ ပထမဆုံးသော စိတ်ဖြင့်ထိန်းချုပ် မောင်းနှင်နိုင်သည့် မော်တော်ယာဉ်ကို တီယန်ကျင်း ဆိပ်ကမ်းမြို့ နန်ကိုင်း တက္ကသိုလ်မှ သုတေသန ပညာရှင် များက တည်ဆောက် နိုင်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

စိတ်ဖြင့် ထိန်းချုပ်မောင်းနှင် နိုင်သည့် မော်တော်ယာဉ် တည်ဆောက် နိုင်ရေးအတွက် နန်ကိုင်းတက္ကသိုလ် မှ သုတေသန ပညာရှင်များက နှစ်နှစ်ကျော် အချိန်ယူ ကြိုးပမ်းခဲ့ရသည်။ ဦးနှောက် အချက်ပြ လှိုင်းဖတ်ကြားသည့် ကိရိယာကို ဦးခေါင်းတွင် တပ်ဆင် ထားခြင်းဖြင့် ယာဉ်မောင်းသူသည် ကားမောင်းခြင်း၊ ကားနောက်ဆုတ်ခြင်း၊ ရပ်တန့်ခြင်းနှင့် မော်တော်ယာဉ် သော့ အဖွင့်၊အပိတ် နှစ်မျိုးစလုံးကို ခြေ၊ လက်များ သုံးရန်မလိုဘဲ လုပ်ဆောင် နိုင်ကြောင်း နန်ကိုင်းတက္ကသိုလ် မှ သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

အဆိုပါ မော်တော်ယာဉ်ကို စိတ်ဖြင့် ထိန်းချုပ် မောင်းနှင်ရာတွင် အသုံးပြုသည့် ဦးနှောက် အချက်ပြ လှိုင်းဖတ်ကြားမှု ကိရိယာကို ယာဉ်မောင်းသူ၏ ဦးနှောက်မှ ထွက်ပေါ် လာသော ဦးနှောက်လှိုင်းများကို ဖမ်းယူနိုင်သည့် အာရုံခံကိရိယာ ၁၆ ခုဖြင့် ဖွဲ့စည်း တည်ဆောက် ထားကြောင်း တရုတ်သုတေသန ပညာရှင်များ၏ အဆိုအရ သိရသည်။

ယင်းနောက် ဖမ်းယူရရှိသည့် ဦးနှောက်လှိုင်း များကို ကွန်ပျူတာ စနစ်နှင့် ဖတ်ကြား၍ ယာဉ်မောင်း၏ ရည်ရွယ်ချက်ကို သရုပ်ခွဲ ဖော်ထုတ်ပြီး ယာဉ်ထိန်းချုပ်မှု စနစ် အတွင်းသို့ ဘာသာပြန် ထည့်သွင်း ပေးခြင်းဖြင့် မော်တော်ယာဉ်ကို ထိန်းချုပ်နိုင်ကြောင်း တရုတ် ပညာရှင်များက ပြောကြားခဲ့သည်။

သို့သော် တရုတ် သုတေသန ပညာရှင်များ တည်ဆောက်ခဲ့သော စိတ်ဖြင့် မောင်းနှင်နိုင် သည့် မော်တော်ယာဉ်၏ ရင်ဆိုင်နေရသည့် ပြဿနာမှာ မျဉ်းဖြောင့် အတိုင်းသာ မောင်းနှင်နိုင်သေးပြီး အကွေ့အ၀ိုက် မောင်းနှင်၍ မရသေးကြောင်း သိရသည်။

Mind-controlled car unveiled in China

ရတနာပုံနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger