www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 11, 2015

ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးကို မက္ကဆီကိုနိုင်ငံ၌ အသုံးပြုခွင့်ရတော့မည်



ပဲရစ် ၊ ၁၁-၁၂-၂၀၁၅

တစ်နှစ်လျှင် ကမ္ဘာ့လူဦးရေ သန်း ၄၀၀ ကျော် ခံစားနေကြ ရသည့် ငှက်ဖျားရောဂါ အတွက် ကမ္ဘာ့ ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးကို မက္ကဆီကို နိုင်ငံ၌ အသုံးပြုခွင့် ရတော့မည် ဖြစ်သည်ဟု ကာကွယ်ရေး ကို ထုတ်လုပ်ခဲ့သည့် ပြင်သစ် အခြေစိုက် ဆာနိုဖီ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီက ဒီဇင်ဘာ ၉ ရက်က သတင်းထုတ်ပြန် ခဲ့ကြောင်း သိရသည်။

မိမိတို့၏ ကမ္ဘာ့ ပထမဆုံးသော ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်းက လက်ခံ သုံးစွဲလာကြဖွယ် ရှိပြီး ဆာနိုဖီဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီအတွက် အမြတ်ငွေ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ အထိ ရရှိလာပြီ ဖြစ်ကြောင်း ဆာနိုဖီဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိ သူများက ပြောကြားသည်။

ဒန်ဗားရှား ( Dengvaxia ) အမည်ရှိ အဆိုပါ ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်၍ ဆာနိုဖီ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီသည် နှစ် ၂၀ မျှ သုတေသန ပြုလုပ်ခဲ့ရပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ အသုံးပြု ခဲ့ရသည်။ လက်ရှိအချိန်တွင် ဆာနိုဖီ ဆေးဝါး ထုတ်လုပ်မှု ကုမ္ပဏီသည် ဒန်ဗားရှား ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံပေါင်း ၂၀ တွင် ဈေးကွက်တင် ရောင်းချနိုင်ရေး ကြိုးပမ်းလျက် ရှိသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) အဆိုအရ ခြင်မှတစ်ဆင့် ကူးစက် ဖြစ်ပွားတတ်သော ငှက်ဖျားရောဂါကို လက်ရှိ အချိန်တွင် ဆာနိုဖီ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ သည် အာရှနှင့် လက်တင် အမေရိက နိုင်ငံများသို့ နှစ်စဉ် ဒန်ဗားရှား ငှက်ဖျားရောဂါ ကာကွယ်ရေး ထိုးဆေး သန်းပေါင်းများစွာ တင်ပို့ရန် အဆင်သင့် ပြင်ထားပြီး ၂၀၁၇ ခုနှစ် အရောက်တွင် ဒန်ဗားရှား ငှက်ဖျားရောဂါ ကာကွယ်ရေး ထိုးဆေးကို သန်း ၁၀၀ ထိ မြှင့်တင် ထုတ်လုပ်ရန် စီစဉ်ထား ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger