www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 11, 2015

အလောင်းတော်ကဿပ ဘုရားဖူးလမ်းအား ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်



မုံရွာ ၊ ၁၁-၁၂-၂၀၁၅

နှစ်စဉ် ဘုရားဖူး ပြည်သူများ သိန်းနှင့်ချီ လာရောက်ရာ နေရာတစ်ခု ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ရှိ အလောင်းတော် ကဿပ ဘုရားဖူး လမ်းအား ဒီဇင်ဘာ ၂ဝ ရက်တွင် အပြီး ပြင်ဆင်ပြီး လကုန်တွင် လမ်းဖွင့်ပွဲ ပြုလုပ်နိုင်ရန် ဆောင်ရွက် နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

'' ဒီလ ၂ဝ ရက်နေ့ တောင်ပေါ် လမ်းတွေ အပြီးပြင်ပါမယ်။ ဒီနှစ် စောဖွင့်နိုင်အောင် လုပ်ထားပါတယ်။ ဘတ်ဟိုးတွေ၊ ဒိုဇာတွေ ပြာပုံကွေ့မှာ ဒီနေ့ ရောက်နေပြီ'' ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးက ပြောပြသည်။

အလောင်းတော် ကဿပ ဘုရားဖူး ရာသီသည် နှစ်စဉ် ပွင့်လင်းရာသီ ဖြစ်သော ဒီဇင်ဘာလကုန် မှစ၍ ဧပြီလ သင်္ကြန်ပွဲတော် အပြီးတွင် ရာသီဥတု အခြေအနေ ကြည့်၍ ပိတ်ပင်လေ့ ရှိကြောင်း သိရသည်။ အလောင်းတော် ကဿပ ဘုရားတွင် တပို့တွဲလပြည့် နှင့် တပေါင်းလပြည့်နေ့ တို့နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ၊ ဆီးမီး ပူဇော်ပွဲ၊ ထမနဲ ထိုးပွဲများ ကျင်းပပြီး သင်္ကြန်ကာလတွင် ဘုရားဖူးများ အများဆုံး ဝင်ရောက်လေ့ ရှိကြောင်း သိရသည်။

အလောင်းတော် ကဿပသို့ မုံရွာမြို့မှ တစ်ဆင့် ယင်းမာပင် ကပိုင်လမ်း မှ လည်းကောင်း၊ တရော်ကျင်း- ကပိုင်လမ်းမှ လည်းကောင်း နှစ်လမ်း သွားလာနိုင်သည်။ အလောင်းတော် ကဿပဂူ သို့ တောင်ခြေ ကပိုင်ကျေးရွာမှ တစ်ဆင့် တောင်တက် ခရီးဖြင့် စတင်ပြီး ပွင့်ကြီးစခန်း၊ ဂုံညှင်းပင် စခန်း၊ မဟူတောင် နတ်နန်းတို့အား ဖြတ်ကျော်ပြီး ဘုရားဖူး ယာဉ်များ ရပ်နားရာထိ ကားများ သွားလာနိုင်သည်။ ထို့နောက် စံကျောင်းတော်သို့ ခြေလျင်ခရီး ဖြင့် လည်းကောင်း၊ ဆင်များစီး၍ လည်းကောင်း သွားလာ၍ ဖူးမြော်နိုင်ကြောင်း သိရသည်။ (၁၅၅)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger