www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 11, 2015

VR မျက်မှန်ဖြင့် ကြည့်ရှုထိန်းချုပ်နိုင်သော ကင်မရာ တပ်ဆင်ထားသည့် Ghost Drone ကိုထုတ်လုပ်



ပေကျင်း ၊ ၁၁-၁၁-၂၀၁၅

တရုတ်နိုင်ငံ အခြေစိုက် Ehang နည်းပညာ ကုမ္ပဏီသည် ကင်မရာ တပ်ဆင်ထားသည့် ဒရုန်းယာဉ်ကို ထုတ်လုပ် ထားရှိပြီး ၄င်းဒရုန်းယာဉ် ကို Ghost Drone ဟု အမည်ပေး ထားကာ တပ်ဆင်ထားသော ကင်မရာကိုလည်း VR မျက်မှန်ဖြင့် ကြည့်ရှု ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Ghost Drone ကို ယမန်နှစ်က စတင်ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး မူလကပင် ကင်မရာ တပ်ဆင်ထား သော်လည်း မြေပြင်မှ ထိန်းချုပ်၍ မရနိုင်ခဲ့သည့် အတွက် စိတ်ကြိုက် အသုံးပြုရန် အဆင်မပြေ ဖြစ်ခဲ့ရာ ယခု နောက်ဆုံးထုတ် Ghost Drone တွင် VR မျက်မှန်ဖြင့် ကြည့်ရှုထိန်းချုပ် နိုင်သည့်စနစ် ပါဝင်သောကြောင့် ပထမ ထုတ်လုပ်ခဲ့သော ဒရုန်းများထက် ပို၍ အဆင်ပြေ လွယ်ကူမည့် ကင်မရာပါ Ghost Drone ဖြစ်ကြောင်း သိရသည်။

'' Virtual Reality Goggles လို့ခေါ်တဲ့ VR မျက်မှန်တွေကို တပ်ပြီး ဒရုန်းရဲ့ကင်မရာကို ချိန်ရွယ်ချင်တဲ့ နေရာကို ကိုယ့်ရဲ့ခေါင်း လိုသလိုပြောင်းပြီး ကြည့်ရှု ပြောင်းလဲ နိုင်ပါတယ်''ဟု Ehang မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ယခင်ကလည်း ဒရုန်းများတွင် ကင်မရာ တပ်ဆင်ခြင်းကို Bepop, Oculus Rift အစရှိသည့် နည်းပညာ ကုမ္ပဏီများက ထုတ်လုပ် ခဲ့ဖူးသည်။ သို့သော် ယခု နောက်ဆုံးထုတ် Ghost Drone ကဲ့သို့ ကြည်လင် ကောင်းမွန်ခြင်း၊ အရေး အကြီးဆုံး ဖြစ်သော မြေပြင်ဌာန နှင့် အဆက်အသွယ် မပြတ်ရေးတို့ ကဲ့သို့ စနစ်များ မပါရှိကြောင်း သိရသည်။

''နောက်ဆို ဒရုန်းပြိုင်ပွဲတွေ လုပ်လို့ ရလာပါမယ်။ ဒါ့ပြင် တောတောင်တွေကို ဖြတ်ကျော်ပြီး မှတ်တမ်းတင်လို့ ရနိုင် လာပါမယ်။ တကယ်တော့ ဒီကင်မရာ တွေကိုကိုယ်က မြေပြင်ကနေ စိတ်ကြိုက် ချိန်ရွယ်လို့ ရပြီဖြစ်တဲ့ အတွက် လိုချင်တဲ့ အကွက်ကို စိတ်ကြိုက် ရိုက်ရုံပါပဲ''ဟု ဆန်းစစ်သူ တစ်ဦးက ပြောပြသည်။

''ခေါင်းကို လိုသလို ရွှေ့ပေးရုံပါပဲ။ ကင်မရာ နည်းနည်း မော့ချင်ရင် ခေါင်းနည်းနည်း မော့ပါ။ ဘယ်ဘက်ကို ကွေ့ချင်ရင် ဘယ်ဘက်ကို ကြည့်လိုက်ရုံပါပဲ။ အောက်ကို ရိုက်ချင်ရင်လဲ ငုံ့ကြည့်လိုက်ရုံ ပါပဲ " ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger