www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 11, 2015

တောင်ကြီးမီးပုံးပျံပွဲတော်သို့ လာရောက်မည့် ဧည့်သည်များအတွက် ယခင်နှစ်ကထက် ဟိုတယ်အခန်း ၄၀၀ ခန့်ပိုမိုစီစဉ်ထား



တောင်ကြီး ၊ ၁၁-၁၁-၂၀၁၅

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်တွင်းရှိ အနယ်နယ် အရပ်ရပ်မှ ဧည့်သည်များ သာမက ပြည်ပမ နိုင်ငံတကာ ခရီးသွား ဧည့်သည် များလည်း စိတ်ဝင်စားစွာ လာရောက် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။

ထို့ကြောင့် မီးပုံးပျံပွဲတော် ကာလ အချိန်အခါ များတွင် ဧည့်သည်များ များပြားလွန်း သဖြင့် အခန်း မလုံလောက် မှုများ ဖြစ်လေ့ ရှိသည့်အပြင် တည်းခို နေထိုင်ရန် အခန်းငှားရမ်းခ ဈေးနှုန်းများ မှာလည်း တစ်နေ့ထက် တစ်နေ့ ပိုမို မြင့်တက်လာလေ့ ရှိသည်။ ပွဲတော်ရက် ကာလများတွင် အခန်းငှားရမ်းခ များမှာ နေ့တိုင်း မြင့်တက် နေသဖြင့် အခန်း ငှားရမ်းသူ ဧည့်သည်များ အတွက် အခန်း ငှားရမ်းခများကို မြင့်တက် လာသည့် ဈေးနှုန်းများ အရ တစ်နေ့တစ်မျိုး ပေးဆောင်နေကြ ရသည်။

မီးပုံးပျံ ပွဲတော်ကာလ တွင် အခန်းဈေးနှုန်း အမြင့်ဆုံးရက် များမှာ လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့ ဖြစ်သည်။ မီးပုံးပျံ ပွဲတော်သို့ လာရောက် ကြသည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ မှာလည်း အခန်းရရှိရေး အတွက် မြင့်တက်လာသော ဈေးနှုန်းများ အရ ပေးဆောင် ငှားရမ်းနေကြ ရသည်။ ထို့ကြောင့် ယခုနှစ်တွင် တောင်ကြီး မီးပုံးပျံ ပွဲတော်သို့ လာရောက် ကြမည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အတွက် တည်းခို နေထိုင်ရေး အဆင်ပြေစေရန် ယခင်နှစ်ကထက် အခန်း ၄ဝဝ ပိုမိုစီစဉ် ထားကြောင်း တောင်ကြီး ဟိုတယ်ဇုန် အသင်းမှ သတင်း အချက်အလက် များအရ သိရသည်။

တောင်ကြီးမြို့တွင် ၂ဝ၁၄ ခုနှစ်က ဟိုတယ်အခန်း ၃၅ဝ၄ ခန်းသာ ရှိနေပြီး ယခုနှစ်တွင် အခန်းစုစုပေါင်း ၃၉ဝ၄ ခန်းထိ ရှိလာခဲ့ပြီ ဖြစ်သဖြင့် ယခင်နှစ်ကထက် အခန်းပေါင်း ၄၀၀ တိုးတက် လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခု နှစ်တွင် မီးပုံးပျံပွဲတော် ခရီးသွားများ အတွက် ယခင်နှစ်ကထက် အခန်း ငှားရမ်းခများ ဈေးသက်သာဖွယ် ရှိလာနိုင်ကြောင်း တောင်ကြီး မီးပုံးပျံပွဲတော်သို့ နှစ်စဉ် သွားရောက်နေသည့် သံယောဇဉ် ခရီးသွား လုပ်ငန်းမှ ကိုသူရ က ပြောပြသည်။

ယခုနှစ်တွင် တောင်ကြီး မီးပုံးပျံ ပွဲတော်ကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်ထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲတော်ရက် ကာလများတွင် အခန်းငှားရမ်းခ ဈေးနှုန်းများမှာ ယခင်နှစ်က လူတစ်ဦးလျှင် ငွေကျပ်၂ဝဝဝဝ ခန့်ရှိသည်။

တောင်ကြီး မီးပုံးပျံ ပွဲတော်သို့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ လာရောက် နေကြသဖြင့် ဟိုတယ်အခန်းများ အပြင် ဘုရားပရိဝုဏ် နေရာဒေသ များနှင့် ဘုန်းတော်ကြီး ကျောင်းများ မှာပင် တည်းခို နေထိုင်မှုများရှိနေကြောင်း သိရသည်။ (ချမ်းချမ်း)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger