www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 6, 2015

ဧရာဝတီမြစ်ကြောင်း အတွင်း ပြေးဆွဲမည့် The Strand Cruise ဇိမ်ခံသင်္ဘောကြီး ပထမဆုံးခရီးစဉ်အဖြစ် ဒီဇင်ဘာလတွင် စတင်ထွက်ခွာမည်



ရန်ကုန် ၊ ၆-၁၁-၂၀၁၅

မြန်မာနိုင်ငံတွင် စတင် ပြေးဆွဲမည့် တန်ဖိုးအကြီးဆုံး ဇိမ်ခံသင်္ဘော The Strand Cruise ၏ ဧရာဝတီ မြစ်ကြောင်း ပထမဆုံး ခရီးစဉ်တွင် အထူး ဝန်ဆောင်မှု အစီအစဉ်အဖြစ် လေကြောင်း ခရီးစဉ် ပါဝင်သည့် ခရီးစဉ်ကို ဒီဇင်ဘာလ တတိယပတ်တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။

ဇိမ်ခံသင်္ဘောကြီး ပေါ်တွင် ပျော်ပျော်ရွှင်ရွှင် လိုက်ပါနိုင်ရန် ဒီဇင်ဘာ ၂၂ ရက်နှင့် ဒီဇင်ဘာ ၂၅ ရက်များတွင် ထွက်ခွာမည့် ပုဂံ- မန္တလေး ခရီးစဉ် အတွက် အထူးဈေးနှုန်း များဖြင့် သတ်မှတ် ပေးထားကာ အထူး အစီအစဉ်တွင် မြန်မာနိုင်ငံ၌ နေထိုင်သူများ အတွက် ရန်ကုန်-ပုဂံ နှင့် မန္တလေး-ရန်ကုန် လေကြောင်း ခရီးစဉ်များ ကိုပါ ထည့်သွင်း ထားသည်။

ပထမဦးဆုံး ခရီးစဉ်နှစ်ခု ဖြစ်သည့် ရန်ကုန်-ပုဂံ နှင့် မန္တလေး-ရန်ကုန် လေးညအိပ် ခရီးစဉ်အတွက် အထူးဈေးနှုန်းမှာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၅၉၂ (ပြည်တွင်း လေကြောင်း အပါအဝင်) ဖြစ်ပြီး နောက်ထပ်
ခရီးသည်တစ်ဦး အခမဲ့ လိုက်ပါခွင့်ရှိ သည်။

ကမ်းမှထွက်ခွာမည့် နေ့ရက်မှာ ဒီဇင်ဘာ ၂၂ ရက်နှင့် ဒီဇင်ဘာ ၂၅ ရက်ဖြစ်သည်။ သင်္ဘောပေါ်တွင် Christmas ညစာ ၊ New Year အကြိုညစာ စားသုံးခွင့်နှင့် အခြား ဝန်ဆောင်မှု များလည်း ရရှိမည်။ ပထမဦးဆုံး အခန်း ၁ဝ ခန်းအတွက် ပုဂံဒေသ၌ မိုးပျံပူဖောင်း (Hot air balloon) ဖြင့်အခမဲ့ လိုက်ပါစီးနင်း ကြည့်ရှုခွင့် ရရှိမည် ဖြစ်သည်။

ဆက်လက်ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ထွက်ခွာမည့် ခရီးစဉ်များ အတွက် ၂ဝ ရာခိုင်နှုန်း အထူးလျှော့ကာ မန္တလေးမှ ပုဂံသို့ သုံးညအိပ် ခရီးစဉ် နှစ်ယောက် အိပ်ခန်းအတွက် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅၉၂ (ပုံမှန် အမေရိကန် ဒေါ်လာ ၃၂၄ဝ)၊ ပုဂံမှ မန္တလေးသို့ လေးညအိပ် ခရီးစဉ် နှစ်ယောက်အိပ်ခန်း အတွက် အမေရိကန် ဒေါ်လာ၂၈၇၄ (ပုံမှန် အမေရိကန် ဒေါ်လာ ၃၅၉၂) ဖြစ်သည်။ မန္တလေးမှ ပုဂံသို့ ခရီးစဉ် ကို အပတ်စဉ် သောကြာနေ့တိုင်း ပုဂံမှ မန္တလေးသို့ ခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့တိုင်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ခရီးစဉ် တစ်လျှောက် နံနက်စာ၊ နေ့လယ်စာ၊ ညစာ၊ ခရီးစဉ် အဆုံးတွင် နံနက်စာ၊ အချိုရည်နှင့် ပြည်တွင်းဘီယာ၊ စားသောက်ချိန် တွင် ဝိုင်၊ ဆိပ်ကမ်း အခကြေးများ၊ စကားပြန်၊ Wifi ၊ ဒစ်ဂျစ်တယ် သတင်းစာ များကို ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။

ခရီးစဉ်တွင် လိုက်ပါလိုသူ များသည် ကြိုတင်စာရင်း ပေးရန် www.thestrandcruise.com သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။ (မိုးအောင်)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger