www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 14, 2015

ပုံစံအသစ်ဖြင့်ပြန်လည် တည်ဆောက်မည့် ပြင်ဦးလွင်မြို့ရှိ လွတ်လပ်ရေး ကျောက်တိုင် Logo Design ဖိတ်ခေါ်



ပြင်ဦးလွင် ၊ ၁၄-၁၀-၂၀၁၅

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသောအခါ မြန်မာနိုင်ငံ အနှံ့အပြား အမြို့မြို့အနယ်နယ် တို့၌ လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်များ အမှတ်တရ စိုက်ထူကြရာ ပြင်ဦးလွင် သည်လည်း မြို့အဝင် ကျောက်တောင်ကုန်း ပေါ်၌ လွတ်လပ်ရေး အောင်စေတီ တစ်ဆူ နှင့်အတူ မလှမ်းမကမ်းရှိ ဒေသအခေါ် ဘုရင်ခံကုန်း ပေါ်တွင် လွတ်လပ်ရေး ကျောက်တိုင်ကြီးကို မြင့်မြင့်မားမား ခန့်ခန့်ညားညား စိုက်ထူနိုင် ခဲ့သည်။

ပြင်ဦးလွင်ရှိ လွတ်လပ်ရေး ကျောက်တိုင်ကြီးမှာ မည်သည့်မြို့ နှင့်မျှ တူညီခြင်း မရှိသော အောက်ခြေ ကြယ်ပွင့် ပုံသဏ္ဌာန် ကျောက်တိုင်ကြီး ခြောက်ခုမှ လှလှပပ အချိုးကျကျ အထက်သို့ တစ်စုတစ်ဝေးတည်း မြင့်တက်သွားပြီး အလယ်တွင် ပြန်လည် စုံစည်းကာ အပေါ်တွင် ကြယ်ပွင့်ပုံစံ အဖြစ်နှင့်ပင် သပ်သပ်ရပ်ရပ် အဆုံးသတ် ထားသော ကျောက်တိုင်ကြီး အဖြစ် တွေ့မြင်ခဲ့ ရသည်။(ပုံ)

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အကြောင်း တချို့ကြောင့် လွတ်လပ်ရေး ကျောက်တိုင်ကြီး ကို ဖြိုဖျက်ခဲ့ရပြီး ယခုလက်ရှိ ရပ်ကွက်ကြီး (၂)၊ ခရိုင် အားကစားကွင်းဘေး မန္တလေး - လားရှိုး လမ်းမကြီးအနီး၌ပုံစံတူအသစ် တစ်ခုကို ထပ်မံ တည်ဆောက်ခဲ့ သော်လည်း ယခင် ကျောက်တိုင်ကြီးနှင့် နှိုင်းယှဉ်သော် အလွန်အမင်း နိမ့်နေခြင်း၊ လှပ ခန့်ညားမှု အားနည်း နေခြင်း၊ သိသာ ထင်ရှားမှု မရှိခြင်း တို့ကြောင့် မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ မြေယာရှုခင်း ရင်ပြင် ပါဝင်ပြီး အနည်းဆုံးပေ ၄ဝ ထက် မနိမ့်သော ကျောက်တိုင်အသစ် တစ်ခုကို တည်ဆောက်ရန် စီစဉ်လျက် ရှိနေကြောင်း သိရသည်။

အဆိုပါ ကျောက်တိုင်အသစ် ကို မန္တလေး- လားရှိုး လမ်းဘေးရှိ အလျား ၄၉၅ ပေ၊ အနံ ၂၃၃ ပေ ရှိ မြေပေါ်တွင် တည်ဆောက် သွားမည်ဖြစ်ရာ မည်သူမဆို Logo Design ရေးဆွဲပြီး ပြင်ဦးလွင် မြို့နယ်စည်ပင် သာယာရေး အဖွဲ့သို့ ပေးပို့ နိုင်ပြီး Logo Design ကို ရွေးချယ် အတည်ပြုခြင်း ခံရပါက ဆုငွေ သုံးသိန်း ချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။ (၁၆၃)

ရတနာပုံနေ့စဉ် ၊ စာ(၉)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger