www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 14, 2015

သွေးလိုအပ်ချက် ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး မန္တလေးမြို့၌ အမျိုးသားသွေးဌာနတစ်ခု ဖွင့်လှစ်ပေးရန် လိုအပ်


ရန်ကုန်မြို့ ရှိ အမျိုးသားသွေးဌာန

မန္တလေး ၊ ၁၄-၁၀-၂၀၁၅

မန္တလေးမြို့ရှိ သွေးလှူရှင် အသင်းများသည် သွေးလိုအပ်မှု ရှိနေသည့် နေရာများသို့ သွားရောက် လှူဒါန်းပေး နေကြရသည့် အတွက် သွေးလှူရှင်များ အနေဖြင့် မလိုလားအပ်ဘဲ အချိန် ကြန့်ကြာခြင်း များနှင့်အတူ လိုအပ်သည့် သွေးအမျိုးအစား၊ ပမာဏ ကိုလည်း ပြည့်မီအောင်ထိ လုပ်ဆောင် ပေးနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ အမျိုးသား သွေးဌာန (ပုံ)ကဲ့သို့ အမျိုးသား သွေးဌာနတစ်ခု မန္တလေးမြို့တွင် ဖွင့်လှစ် ပေးစေချင်သည်ဟု မြတ်ပါရမီ သွေးလှူရှင် အသင်းမှ သွေးတာဝန်ခံ ဆရာတော် ဘဒ္ဒန္တသုမဏ ၏ မြွက်ကြားချက် အရ သိရသည်။

အဆိုပါ အမျိုးသား သွေးဌာန ကဲ့သို့ သွေးလှူဒါန်း နိုင်မည့်ဌာန တစ်ခု မန္တလေးမြို့၌ ဖွင့်လှစ်ပေးနိုင်မည် ဆိုလျှင် လိုအပ်သည့် သွေးအမျိုးအစားနှင့် အရေအတွက်ကို သွေးလှူရှင် အသင်းများ၊ သွေးလှူရှင်များက ရာနှုန်းပြည့် နီးပါး လှူဒါန်းပေး လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ အထွေထွေ ရောဂါကု ဆေးရုံကြီး၊ ဗဟို အမျိုးသမီး ဆေးရုံကြီး၊ ခုတင် ၃ဝဝ ဆံ့ ဆေးရုံ၊ ခုတင် ၃ဝဝ ဆံ့ ကလေးဆေးရုံ၊ ခုတင် ၅၅ဝ ဆံ့ ကလေး ဆေးရုံကြီးတို့၏ နေ့စဉ်သွေး အသုံးပြုမှု များကို သွေးလှူရှင်
အသင်းများက လှူဒါန်းပေးလျက် ရှိပြီး နေ့စဉ် သွေးအသုံးပြု မှုသည် အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် အလုံး ၁၅ဝ ခန့်၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် အလုံး ၁ဝဝ ခန့်၊ ၆၂ လမ်းပေါ်ရှိ ခုတင် ၃ဝဝ ဆံ့ ဆေးရုံတွင် အလုံး ၅ဝ မှ ၇ဝ ခန့်၊ ခုတင် ၃ဝဝ ဆံ့ ကလေးဆေးရုံနှင့် ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံကြီး တို့တွင် အလုံး ၃ဝ မှ ၅ဝခန့်ထိ အသုံးပြုမှု ရှိသည်ဟု သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း စေတနာရှင် များဖြင့် ပါဝင်ဖွဲ့စည်း ထားသော သွေးလှူရှင် အသင်းပေါင်း တစ်ရာကျော် ရှိသည်။ မန္တလေးမြို့ပေါ်တွင် သွေးလှူအသင်း ၅ဝ ခန့်ရှိပြီး နေ့စဉ် သွေးလှူရှင် အသင်း ၃၀ ကျော်မှ သွေးလှူဒါန်းမှုများ ရှိရာ ၄င်း ဆေးရုံများ၏ သွေးလိုအပ်ချက် ၏ ၇ဝ ရာခိုင်နှုန်းခန့်သာ ပံ့ပိုးပေး နိုင်သေးသည်ဟု အမျိုးသား သွေးလှူဘဏ် (မန္တလေး)မှ သိရသည်။ (၁၇၃)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger