www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 14, 2015

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် ဖွင့်လှစ်မည့် ဘဏ်လုပ်ငန်း ဘဏ္ဍာရေးပညာမဟာဘွဲ့ ၀င်ခွင့်များ လျှောက်ထားနိုင်


ရန်ကုန် ၊ ၁၄-၁၀-၂၀၁၅

ရန်ကုန်စီးပွားရေး တက္ကသိုလ် ၏ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် ဖွင့်လှစ်မည့် ဘဏ်လုပ်ငန်း ဘဏ္ဍာရေးပညာ မဟာဘွဲ့ (Master of Banking and Finance - MBF) သို့ ဝင်ခွင့်များကို လျှောက်ထား နိုင်ကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ သိရသည်။

အဆိုပါ မဟာဘွဲ့ သင်တန်းများ အတွက် အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး သူများ၊ ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းခွင် အတွေ့အကြုံ (လုပ်သက်) အနည်းဆုံး ၂ နှစ်ရှိသူများ လျှောက်ထား နိုင်မည်ဖြစ်သည်။ တက်ရောက်မည့် သူများသည် တက္ကသိုလ် တစ်ခုခုတွင် အခြား သင်တန်းတစ်ခု တက်ရောက် နေသူများ တက်ရောက်ခွင့် မရှိသည့် အပြင် သတ်မှတ် ထားသောသင်ရိုး အတိုင်း အချိန် ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည် ဖြစ်သည်။

သင်တန်းနှင့် သက်ဆိုင်သော စာရွက်စာတမ်း များနှင့် သတ်မှတ် ထားသည့် လျှောက်လွှာ ပုံစံများကို ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ် နယ်မြေ) ၊ အခန်း(၂ဝ၆) တွင် နိုဝင်ဘာ ၆ ရက် နောက်ဆုံး ထားကာ လျှောက်ထား နိုင်မည် ဖြစ်သည်။ သင်တန်းဝင်ခွင့် ရေးဖြေ စာမေးပွဲများကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် စနေနေ့တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ် (ကမာရွတ် နယ်မြေ) ၌ ကျင်းပမည် ဖြစ်ပြီး ပြည့်စုံစွာ ဖော်ပြမှု မရှိသော လျှောက်လွှာများ၊ လုပ်သက်၊ ထောက်ခံချက် မပြည့်စုံသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည် မဟုတ်ကြောင်း သိရသည်။

သင်တန်းဝင်ခွင့် ရေးဖြေ စာမေးပွဲတွင် အဆင့်မီ သူများကို လူတွေ့ စစ်ဆေး ရွေးချယ်၍ လက်ခံမည် ဖြစ်သည်။ သင်တန်းသား ဦးရေ ကန့်သတ်ထားပြီး သင်တန်းများနှင့် ပတ်သက်၍ ဖုန်း-ဝ၁- ၅၁၃၄၅၇ (MBF ရုံးခန်း)၊ ဝ၁- ၅၁၃၅၇၆ (ဝါဏိဇ္ဇဗေဒ ဌာနရုံးခန်း) တို့တွင် စုံစမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger