www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 14, 2015

ရေလှိုင်းတု အပန်းဖြေကစားကွင်းကြီး ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည်


ရန်ကုန် ၊ ၁၄-၁၀-၂၀၁၅

ရန်ကုန်မြို့ရှိ ကလေးငယ် များနှင့် ပြည်သူများ အတွက် ကမ်းခြေတွင် ရောက်ရှိနေ သကဲ့သို့ အပန်းဖြေနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ ရှုခင်းသာ မြေနေရာတွင် UMG စီးပွားရေး လုပ်ငန်းစုမှ ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီးကို ၂ဝ၁၆ ခုနှစ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီး၌ ရေလှိုင်းတုများ စီးပြီး အပန်းဖြေခြင်း၊ ရိုလာကိုစတာများ၊ ချားရဟတ်များ စသည့် အပန်းဖြေ ဆော့ကစားသည့် ဝန်ဆောင်မှုများ အပါအဝင် ကမ်းခြေ တစ်ခုတွင် အပန်းဖြေသည့် ဖျော်ဖြေမှု၊ ဝန်ဆောင်မှု များကို ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေလှိုင်းတု အပန်းဖြေ ကစားကွင်း တည်ဆောက်မှုကို လက်ရှိတွင် ပြည်တွင်းပြည်ပ အင်ဂျင်နီယာ များနှင့် စတင် တည်ဆောက် နေကြောင်း သိရသည်။

သာကေတ ရှုခင်းသာ မြေနေရာတွင် တည်ဆောက်လျက် ရှိသည့် ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီးကို နိုင်ငံတကာ စံချိန်မီ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီးကို ပြည်သူများ အပြင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပျော်ရွှင်စွာ လာရောက် အပန်းဖြေနိုင်ရန် ကုန်ကျစရိတ် အများအပြား အသုံးပြု၍ အဆင့်အတန်း မြင့်မြင့် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီး၌ လာရောက် အပန်းဖြေသူများ အနေဖြင့် ကမ်းခြေအစစ် တစ်ခုတွင် လာရောက် အပန်းဖြေ နေရသကဲ့သို့ လတ်ဆတ်သော ပင်လယ်စာများ စားသုံးနိုင်ရန် ပင်လယ်စာ ရောင်းချမည့်စားသောက်ဆိုင် ကြီးများလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလှိုင်းတု အပန်းဖြေ ကစားကွင်းကြီးကို တည်ဆောက် ရာတွင် လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာများကို ပြည်ပ နည်းပညာရှင် တချို့မှ ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger