www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 14, 2015

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အဖြစ် ထိန်းသိမ်းနိုင်ရန် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ဇုန်နယ်နိမိတ် ပြင်ဆင်သတ်မှတ်မည်



ညောင်ဦး ၊ ၁၄-၁၀-၂၀၁၅

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ဇုန်နယ်နိမိတ်များ ပြန်လည်ပြင်ဆင် သတ်မှတ်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ပုဂံယဉ်ကျေးမှု ဒေသ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်ကို (MZ) ၊ ရှေးဟောင်းနေရာ တည်ရှိရာ ဇုန်ကို(AZ) ၊ ကာကွယ်ထိန်းသိမ်း ထားသော ဇုန်ကို (PZ)ဟူ၍ ဇုန်နယ်နိမိတ် သုံးခုဖြင့် သတ်မှတ်ကာ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် တည်တံ့ရေး အတွက် ကာကွယ် ထိန်းသိမ်းလျက် ရှိသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများကို ထိုကဲ့သို့ ဇုန်သုံးဇုန် သတ်မှတ်ပြီး ထိန်းသိမ်း ကာကွယ်လျက် ရှိရာ မရှိသင့်သော ဇုန်နယ်နိမိတ် နယ်မြေများ အတွင်း ရောက်ရှိနေသောကျရောက်နေသော အဆောက်အအုံ များနှင့် ပတ်သက်၍ ပုဂံယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းရန် ရည်ရွယ်ပြီး ဇုန်နယ်နိမိတ်များ ပြင်ဆင် သတ်မှတ်ရန် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ သည် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းအဖွဲ့များ၊ ကျွမ်းကျင် ပညာရှင်များနှင့် ပုဂံဒေသ လုပ်ငန်းရှင်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

လက်ရှိ ပုဂံဒေသတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း အရေအတွက်မှာ အလုံး ၁၂ဝေ ကျာ်ရှိသည်။ အများစု ဖြစ်သော ၉ဝ ရာခိုင်နှုန်း ခန့်သည် ဥပဒေအရ ကန့်သတ် ထားသော အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ (MZ) နှင့် ရှေးဟောင်း နေရာ တည်ရှိရာဇုန် (AZ) များအတွင်း၌ တည်ရှိနေကြောင်း၊ ခွင့်ပြုနိုင်သော ဧရိယာအတွင်း၌ တစ်ခုမျှ မရှိကြောင်း သိရသည်။

''ဥပဒေအရ ကြည့်မယ်ဆိုရင် ဇုန်သုံးဇုန် အတွင်းမှာ ဟိုတယ်၊ မိုတယ်တွေ၊ စီးပွားရေး လုပ်ငန်းတွေက ကာကွယ် ထိန်းသိမ်း ထားတဲ့ဇုန် (PZ) အတွင်းမှာပဲ လုပ်ခွင့် ရှိပါတယ် ပုဂံမှာရှိတဲ့ ဟိုတယ်တွေက ဇုန်မသတ်မှတ်မီ အချိန် ကတည်းက တည်ရှိနေတာတွေ များပါတယ်။ ဒါတွေကို ဥပဒေနဲ့အညီ ဖြစ်ဖို့ ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ် လိုက်ရင် အားလုံးက (PZ)အတွင်း ရောက်သွားမယ်။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိုလဲ လုပ်လို့ ရပါတယ် ယဉ်ကျေးမှု အမွေအနှစ် ကိုလဲ ထိန်းသိမ်းဖို့ အဆင်ပြေ ပါတယ်'' ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

ကမ္ဘာ့ အမွေအနှစ် အဖြစ် ထိန်းသိမ်းနိုင်ရန် ပုဂံ ၊ ညောင်ဦး ၊ ကျိုက်ထီးရိုး စေတီနှင့် ရွှေတိဂုံစေတီ တို့ကို ဆောင်ရွက်မည် ဖြစ်ပြီး ပုဂံဒေသကို ယခုကဲ့သို့ ဇုန်နယ်နိမိတ်များ ပြင်ဆင် သတ်မှတ်မည် ဖြစ်ကြောင်းလည်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger