www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 14, 2015

ယာဉ်မောင်းနေစဉ် အတွင်း အရက်သေစာ သောက်ထားမှု ရှိ-မရှိကို Alcohol Taster ဖြင့် စစ်ဆေးသွားမည်


ရန်ကုန် ၊ ၁၄-၁၀-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး၌ မော်တော်ယာဉ် မောင်းနှင်နေစဉ် အတွင်း ယာဉ်အန္တရာယ် ဖြစ်စေနိုင်သည့် မူးယစ် စေတတ်သော အရက်သေစာများ သောက်စား မောင်းနှင် နေခြင်းကို Alcohol Taster သီးခြား စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ယခုနှစ်အတွင်း စီမံချက်တစ်ခု အနေဖြင့် စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

Alcohol Taster သီးခြား စစ်ဆေးရေး အဖွဲ့ကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး၏ ရည်မှန်းချက် တာဝန်အရ ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တစ်ဖွဲ့လျှင် ရဲအင်အား ၁ဝ ဦးဖြင့် အဖွဲ့ပေါင်း ၁ဝ ဖွဲ့ ဖွဲ့စည်းရန် လျာထားပြီး မြို့တွင်းပိုင်း လူစည်ကားရာ နေရာများတွင် စတင်စစ်ဆေး သွားမည်ဖြစ်ကာ အထူးစီမံချက် အနေဖြင့် နေ့၊ ည စစ်ဆေး သွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

သီးခြား စစ်ဆေးရေး အဖွဲ့သည် တခြား အမှုများကို စစ်ဆေးမည် မဟုတ်ဘဲ ယာဉ်မောင်နှင် ရာ၌ အန္တရာယ် ဖြစ်စေနိုင် လောက်သည့် အရက်သေစာ သောက်စား ထားခြင်း ရှိ၊ မရှိကိုသာ Alcohol Taster ဖြင့် အဓိကထား စစ်ဆေးသွားမည် ဖြစ်ပြီး သီးသန့် စစ်ဆေးခြင်းကြောင့် အချိန် ကြန့်ကြာမှု မရှိသဖြင့် ယာဉ်ကြော ပိတ်ဆို့မှု မရှိနိုင်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger